ငပွေးတွေရဲ့ကလိန်ကကျစ်နည်း



အခုတလောလိုင်းပေါ်မှာ 
ဘယ်တပ်ကဘယ်တပ်သားတွေ
လက်နက်နဲ့ဘက်ကူးလာလို့
ဆုငွေဘယ်လောက်ချတယ်နဲ့သတင်းတွေကို 
အကြမ်းဖက်အုပ်စုတွေကတင်နေကြတာတွေ့
နေရပါတယ်။

တကယ်တော့ 
ဒါတွေဟာဝါဒဖြန့်လုံးသက်သက်တွေဖြစ်သလို 
လုပ်သွားသူတွေလဲတယောက်မှ
အရှင်ထားမှာမဟုတ်ဘူးဆိုတာ...
၁၉၈၀ ကာလတွေစီကအတွေ့အကြုံတွေ 
ပြန်မျှဝေချင်ပါတယ်။
တကယ်တော့ ဒီနည်းလမ်းကအခုမှ
သုံးတဲ့နည်းမဟုတ်ပါဘူး။

၁၉၈၀ ကာလများစီက 
ကရင်ပြည်နယ်ဟာKNUတို့ 
အလွန်အားကောင်းနေတဲ့ကာလပါ။
စစ်ရေးအရ 
အတော်ပြင်းပြင်းထန်ထန်လှုပ်ရှားနိုင်ပြီး
စိုးမိုးနယ်မြေကလည်းအခုကာလ
လိုနယ်စပ်ဘောင်ဒရီပေါ် 
ဟိုခွဒီခွမဟုတ်ပါဘူး။

တပ်နဲ့KNU ဘတပြန်ကျားတပြန်ကာလလို့
ပြောနိုင်မယ်ထင်တယ်။
အဲ့ဒီကာလ ၁၉၈၀မှာ KNUက ရွာတွေက
တဆင့်ဝါဒဖြန့်ပါတယ်။
စစ်သည်တွေလက်နက်နဲ့ဆိုငွေဘယ်နှစ်သိန်းနဲ့
ကရင်မတယောက်နဲ့ပေးစားမယ်စသည်ဖြင့်ပေါ့။
တကယ်ထင်ပြီးကူးသွားတဲ့ဘယ်စစ်သည်မှ 
အသက်ရှင်လျက်မထားပါဘူး။ 
နှီးကြောနဲ့ဂွေးဖြတ်လည်ပင်းလှီးပြီး 
ပါးစပ်ထဲထည့်ထားခဲ့တဲ့ 
လက်နက်နဲ့တောခိုသွားတဲ့ 
စစ်သည်တစ်ဦးအလောင်းကိုပြန်ရခဲ့ပါတယ်။

အဲ့ဒီကာလက တမခ၄၄ကစဖွဲစည်းစဆိုတော့ 
အချို့ဆိုးသွမ်းလွန်းတဲ့ စစ်သည်အချို့ 
တကယ်ထင်ပြီးတောခိုကြပေမဲ့
ဘယ်သူ့ကိုမှအရှင်မထားခဲ့ပါဘူး။
ဒါတွေဟာတကယ့်အဖြစ်အပျက်တွေပါ။ 

အဲ့ဒီကာလစစ်သည်ဟောင်းတွေ 
မေးကြည့်ရင်သိနိုင်ပါတယ်။
ဒါကြောင့်...ယခုကာလမှာ social mediaပေါ်က
မက်လုံးပေးနေတာဟာဝါဒဖြန့်နေမှုသက်သက်ပါ။

တကယ်တော့ တပ်ဘက်ကကူးလာတယ်ဆိုကတည်းက တချိန်မဟုတ်တချိန်မလွှဲမသွေသတ်ပါလိမ့်မယ်။
တဖက်ဖက်ကိုကူးလာတယ်ဆိုကတည်းက 
ဘယ်သူမှမယုံကြည်တော့ပါ။

အခုလိုင်းပေါ်ကဝါဒဖြန့်နေမှုက
ကျုံးသွင်းနေမှုသက်သက်ပါ။
သူတို့အနေအထားကကို 
ခြံစည်းခွနေနေရတဲ့အခြေအနေဆိုတာ 
သဘောပေါက်ကြဘို့လိုပါမယ်။

#Credit

Post a Comment

Previous Post Next Post