၁၇ ကြိမ်မြောက် ဗီယက်နမ်အပျော်တမ်းအိုးပင်း၂၀၂၂ ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာအားကစားသမား လှိုင်မင်းထက် တတိယဆု ဆွတ်ခူး

 

၁၇ ကြိမ်မြောက် ဗီယက်နမ်အပျော်တမ်းအိုးပင်း၂၀၂၂ ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာအားကစားသမား လှိုင်မင်းထက် တတိယဆု ဆွတ်ခူး : DGF21News

ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်နေ့ထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သည့် 17th Vietnam Open 2022 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာဂေါက်သီးရိုက်အားကစားသမား လှိုင်မင်းထက် ဝင်ရောက်ယှဉ်ပြိုင်ရာ တတိယဆု ဆွတ်ခူးရရှိခဲ့သည်။

လှိုင်မင်းထက်သည် ပြိုင်ပွဲပထမနေ့တွင် ၇၅ ချက်၊ ဒုတိယနေ့တွင် ၇၃ ချက်၊ တတိယနေ့တွင် ၇၃ ချက်၊ စတုတ္ထနေ့တွင် ၇၁ ချက် ၊လေးရက်ပေါင်း စုစုပေါင်းရိုက်ချက် ၂၉၂ ချက် ဖြင့်တတိယဆု ရရှိခဲ့ခြင်းဖြစ်ပါသည်။ ယင်းပြိုင်ပွဲတွင် ထိုင်းနှင့် ဗီယက်နမ် ကစားသမားတို့က ပထမ၊ဒုတိယ အသီးသီးရရှိခဲ့ပြီး၊ နိုင်ငံအရပ်ရပ်မှ ပြိုင်ပွဲဝင်ကစားသမားပေါင်း ၉၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရပါသည်။

#DGF21News5987


 

Post a Comment

Previous Post Next Post