ပထမဆုံး အတိုက် အခိုက် ခံလိုက်ရတာက "ယဉ်ကျေးမှု" ပါ...

ပုဂံ မှာ ဗုဒ္ဓပုံတော်ကို မျက်နှာဖုံးလုပ် ရောင်းတယ်ဆိုတာ သိပ်တော့ မဆန်းပါဘူး ။ 
ကျွန်တော်တို့  ၅ နှစ် ကာလမှာ ယဉ်ကျေးမှု ပျက်စီးခဲ့ရပါတယ် ။
ကျွန်တော် ရေးခဲ့ဖူးတဲ့
ပိုစ့်အဟောင်းလေးကို ပြန်ဖတ် ကြည့်ကြပါ။

ပထမဆုံး အတိုက် အခိုက် ခံလိုက်ရတာက "ယဉ်ကျေးမှု" ပါပဲ ။

ဘုရား၊ တရား၊ သံဃာကို သာမန်မျှ ဖြစ်အောင် 
ဦးနှောက်ပုံစံ ချခဲ့ကြတယ် ။
ဥပမာတစ်ခု ပြောပါမယ် ။

မြန်မာ ကလေးငယ်လေးတွေဟာ စောစော စာမေးပွဲ ဖြေကြပြီး အကြီးတန်းတွေ စာမေးပွဲ စစ်နေချိန်မှာ ဗုဒ္ဓဓမ္မ ယဉ်ကျေးလိမ္မာ သင်တန်းတွေမှာ ယဉ်ကျေးလိမ္မာ သင်ခန်းစာတွေ သင်ခဲ့ကြရတယ် ။

အဲဒီ အစဉ်အလာကို ဖျက်ဖို့ ကလေးတွေ စာမေးပွဲ နောက်ဆုတ်ပြီး အကြီးတန်းတွေ ဖြေပြီးမှ စစ်ဖို့ အမိန့်ထုတ်တယ် ။

အကြောင်းပြချက်က မိဘတွေ စီးပွား ရှာနိုင်အောင်လို့တဲ့ ။

ဒါဟာ ယဉ်ကျေးမှုကို စနစ်တကျ သင်းသတ်ခဲ့တဲ့ အခြေခံ အကျဆုံး နည်းဗျူဟာ(လုပ်ရပ်) တစ်ခုလို့ ကျွန်တော် ပြောခဲ့ဖူးတယ် ။

ဗုဒ္ဓကိုတောင် 

"အိန္ဒိယတိုက်က သာမန်မင်းသား တစ်ပါးမို့ 
အထူး ကိုးကွယ်နေစရာ မလိုပါဘူး" ဆိုတဲ့ 
ဒဿနကို ရသွားကြတဲ့ လူငယ်တွေ ၊

"ပဌာန်းတရားကို စပီကာတွေနဲ့ နေ့ ည ရွတ်တာ 
အခြားဘာသာဝင်တွေ အားနာစရာကောင်းတယ်" ဆိုတဲ့ 
ဒဿနကို ရသွားတဲ့ လူငယ်တွေ ၊ 

"ဘုန်းကြီးတွေဟာ
အလုပ်မလုပ်ချင်လို့ သင်္ကန်းစည်းကြတာ။ 
ဘုန်းကြီးနဲ့လူဟာ
ကတုံးနဲ့ ဆံပင်ပဲကွာတယ်" ဆိုတဲ့
ဒဿနကို ရိုက်သွင်းခံရတဲ့ လူငယ်တွေ ၊

" သွေးနှောမှ တိုးတက်မယ်" ဆိုတဲ့ 
ဒဿနသစ်ကို လက်ခံရတဲ့ လူငယ်တွေ ၊

မြန်မာပြည်သူတွေဟာ
ယဉ်ကျေးမှုစစ်ပွဲ
အကန့်အသတ်နဲ့ ရှုံးခဲ့ရပြီ ။

ဒါဟာ သိသာဖို့ မလွယ်ပေမယ့်
လက်နက်နဲ့ တိုက်တဲ့ စစ်ပွဲထက် အန္တရာယ်ကြီးတယ် ။

နယ်ချဲ့ဟာ သေနတ်တစ်ချက်မှ မဖောက်ရပဲ 
နိုင်ငံကို သိမ်းနိုင်တဲ့ 
မြန်မာတွေရဲ့စိတ်ကျိုးနွံမှုကို ရသွားခဲ့ပြီ ။

မြန်မာလူငယ် အချို့ဟာ
နယ်ချဲ့ နှာခေါင်းရှည်တွေ
ဘယ်လိုပဲ မောင်းမောင်း
မောင်းသမျှ လုပ်မယ့် 
ယဉ်ကျေးမှု ဘိန်းစွဲသူတွေ ဖြစ်ခဲ့ကြရပြီ ။

နောက် ငါးနှစ်သာ ဆက်ပြီး
တိုင်းပြည်ကို ဒီဇိုင်းဆင်ခွင့် ရသွားရင် 
မြန်မာဆိုတာ ဘယ်မှာလဲ မေးယူရလိမ့်မယ် ။

အခု မြင်တွေ့နေရတာတွေက သက်သေပဲ ။
ဒါကြောင့် 
၅ နှစ်ဆက်ပြီး အခွင့်အရေး မပေးရအောင် 
ဒီတိုက်ပွဲကို ပြင်းပြင်းထန်ထန် တိုက်ခဲ့တာပဲ ။
☝️☝️☝️☝️☝️☝️☝️☝️☝️☝️
မောင်ချိုဝေ ( ၂၄၊ ၇၊ ၂၀၂၁ )

Post a Comment

Previous Post Next Post