သူမ၏ ဒိုင်ယာရီ 😔


ယခုလို မိုးရာသီကာလဆို ပိုလွမ်းမိသည်။ ယခင်က မိမိနေအိမ်အတွင်းတွင် မပြည့်စုံသော်လည်း မိုးလုံလေလုံ နေရသေးသည်။ မိုးအရမ်းများသဖြင့် အပြင်ထွက်ပြီး ဈေးရောင်းရန်မလို။ ရေသောက်ပြီး အိပ်၍နေလိုရသေးသည်။ သိုသော် ယခုလို တောထဲတွင် မိုးရေများအကြား ထင်းရှာ၊ ဟင်းရှာနေရမည်ဟု ယောင်လိုပင် စဉ်းတောင်မစဉ်းစားမိ။ ယခင်က ဆံပင်ညှပ်ဆိုင်လေးထဲတွင် ခေါင်းလျှော်သည့်အလုပ် လုပ်ခဲ့ဖူးသည်၊ နောက် Online Delivery ပစ္စည်းပိုသည့် လုပ်ငန်းလေးပြောင်းလုပ်ခဲ့သည်၊ လုပ်ငန်းမှာ မဆိုးဟု ထင်မိပါသည်။ ပစ္စည်းလေးများ ပိုရင်းက 'မောင်' နှင့် စ တွေ့ဖြစ်သည်။ အရွယ်ကလည်း မတိမ်းမယိမ်းဖြစ်ပြီး နှစ်ဦးလုံးမှာ မိဘများ မရှိတော့သဖြင့် ပိုမိုခင်တွယ်မိသည်။ စိတ်တူကိုယ်တူနှင့် သွားကြလာကြပေါ့။ ယခုတော့ ဘေးတွင် မောင် က မရှိတော့။ လောကကြီးကို နုတ်ဆက်ထွက်ခွာသွားခြင်းဖြစ်သည်။ ပြောပြရလျှင် စိတ်နာဖိုကောင်းလှသည်။

 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလလောက်က ဖြစ်မည်ထင်သည်။ မောင့်သူငယ်ချင်းများက အတင်းခေါ်သဖြင့် မောင် သည် ဆန္ဒပြပွဲတွင် ပါသွားသည်။ ပြန်လာတော့ ပိုက်ဆံ ၁ သောင်းနှင့် စားစရာများ ပါလာသည်။ ကျွန်မကို လည်းနောက်နေ့များတွင် သူနှင့်အတူ လိုက်ခဲ့ရန် ခေါ်ပါသည်။ ထိုကာလက အလုပ်လုပ်၍မရသေးသဖြင့် ငွေလိုသည်က တစ်ကြောင်း၊ လွယ်လွယ်နှင့် ပိုက်ဆံရမည်က တစ်ကြောင်း ဖြစ်သဖြင့် မောင်နှင့်အတူ လိုက်၍ ဆန္ဒပြခဲ့သည်။ ထိုသိုဖြင့် ဆန္ဒပြပွဲများအား တပ်မှ လူစုခွဲ၊ အကြမ်းဖက်သူများအား ဖမ်းသည်ကို တွေ့ရှိရသဖြင့် ကျွန်မတိုလည်း ဆန္ဒမပြရဲတော့။ တစ်နေ့တွင် မောင်က ဆန္ဒပြသူများအား ဓာတ်ပုံများမှတစ်ဆင့် လိုက်ဖမ်းနေသည်ဟု သူငယ်ချင်းများက ပြောကြောင်း၊ သူတိုလည်း မြဝတီနယ်စပ်ကို ထွက်ပြေးနေပြီဖြစ်ကြောင်း၊ မင်းတိုလည်း ပြေးတော့ဟု ပြောကြောင်း ပြောလာသည်။ ထိုသိုဖြင့် တစ်ရက်၊ နှစ်ရက်နေတော့ သူတိုက ဆက်သွယ်လာပါသည်။ နယ်စပ်က အဖွဲဆီမှာ အဆင်ပြေကြောင်း၊ KNU ကလည်း လက်ခံကြောင်း၊ စားစရာ၊ သောက်စရာလည်း ပူစရာမလိုကြောင်း၊ လာချင်လျှင် လမ်းစရိတ်ပါ ပိုပေးမည်ဖြစ်ကြောင်း၊ မလာလျှင် မင်းတိုထိုက်နဲ့ မင်းတိုကံပဲ ဟု ပြောလာသဖြင့် ကျွန်မတိုလည်း KNU နေရာ လေးကေကော်အနား ရောက်ရှိခဲ့ပါသည်။ ရောက်သည်နှင့် ယောကျ်ားလေးများက စစ်သင်တန်းတက်ရပြီး မိန်းကလေးများက ထမင်း/ဟင်းချက်ပြုတ်၊ လျှော်ဖွတ် ပြုလုပ်ရပါသည်။ တစ်လလောက် ကြာသည်နှင့် သူတို၏အဖွဲ KNU ထဲ ဝင်ခိုင်းပါသည်။ သင်တန်းပြီးသူများအား အဖွဲခွဲပြီး သူတို၏စခန်းများသို လူစုခွဲပြီး ပိုပါသည်။ ကျွန်မတို ၂ ယောက်လည်း သူတိုခေါ်ရာနောက် ကြောက်ကြောက်နှင့် ပါသွားခဲ့ပါသည်။ ကရင်စခန်း တစ်ခုကို ရောက်သည်နှင့် မင်းတို ဒီမှာ နေရမယ်..အခုကစပြီး စစ်သားတွေ ဖြစ်သွားတဲ့အတွက် ငါတိုအမိန့်အတိုင်း လိုက်နာရမယ်..စည်းကမ်းမလိုက်နာရင်တော့ သတ်ပစ်မယ် ဟု ကရင်စစ်ဗိုလ်များက ပြောလာပါသည်။ ကျွန်မတို နေထိုင်နေသည့်စခန်းတွင် မိန်းကလေး ၄ ယောက် နှင့် ယောကျ်ားလေး ၉ ယောက် ရှိပါသည်။

အေးဆေးနေရသည်မှာ တစ်လလောက်ပဲရှိမည်။ နောက်ပိုင်းတွင် ကရင်စစ်ဗိုလ်များက သောက်စားပြီးလျှင် ဗမာယောကျ်ားလေးများကို အကြောင်းအရင်းမရှိ ခေါ်ဆူလိုက်၊ အပြစ်ပေးလိုက်နှင့် မိန်းကလေးများကိုလည်း အကြောင်းအမျိုးမျိုးနှင့် အသားယူတာမျိုးလည်း ပြုလုပ်လာကြပါသည်။ တစ်နေ့ပေါ့...ထိုနေ့က ကျွန်မအတွက် ကမ္ဘာပျက်သည့်နေ့ပဲ ဖြစ်သည်။ သူတို၏နှစ်သစ်ကူးနေ့ဆိုပြီး စခန်းတစ်ခုလုံးရှိ ကရင်စစ်သားတွေ စားကြသောက်ကြနှင့် ပျော်ပါးနေကြပါသည်။ လူ ၂၀၊ ၃၀ လောက်ရှိမည်ထင်သည်။ ဗမာယောကျ်ားလေးများက ကင်းစောင့်ပေးရ၊ သူတို၏ စားသောက်စရာပြင်ပေးရနှင့် အလုပ်ရှုပ်နေကြပြီး မိန်းကလေးများကလည်း သူတို၏အနားတွင် ဧည့်ခံပေးရပါသည်။ ကြောက်ကြောက်နှင့် သူတိုလုပ်သမျှ ကျေနပ်ချင်ယောင်ဆောင်ပေးနေရသည်။ တဖြည်းဖြည်းနှင့် သူတိုမူးလာတော့ ကျွန်မတိုကို ဆွဲလားရမ်းလား လုပ်လာပါသည်။ မောင်နှင့် နောက်တစ်ယောက်က တားတော့ ကရင်စစ်ဗိုလ်က သေနတ်နှင့် ပစ်လိုက်သဖြင့် ပွဲချင်းပြီး ဆုံးသွားပါသည်။ ကျန်သည့်လူများက သူတိုကို ကြောက်သဖြင့် မပြောရဲသည့် သူများနှင့် သူတိုကို ဖားပြီးနေတဲ့အဖွဲကိုတော့ ဘာမှမလုပ်ပေ။

မင်းတိုဆက်ပြီးအသက်ရှင်ချင်သေးတယ်ဆိုရင် ငါ့စကားနာခံ၊ မနာခံလိုကတော့ အဲ့ ၂ ယောက်နောက် လိုက်ဖိုသာ ပြင်ထား ဆိုပြီးပြောလာပါသည်။ ပြီးသည်နှင့် ကျွန်မတိုကို အတင်းအဓမ္မယုတ်မာလာကြသည်။ ကျွန်မတိုလည်း ထိုနေ့မှစပြီး ယခုချိန်ထိ သူတိုအလိုကျ နေပေးလာရပြီး ကျွန်မသူငယ်ချင်းတစ်ယောက်ဆို ကိုယ်ဝန်ရပြီး မီးမဖွားနိုင်သောကြောင့် ဆုံးပါးသွားရပါသည်။ ယခုလည်း ဗမာအဖွဲ ၁ ဖွဲ ထပ်ရောက်လာပါသည်။ မိန်းကလေး ၅ ယောက်နှင့် ယောကျ်ားလေး ၃ ယောက် ၊ စုစုပေါင်း ၈ ယောက် ရှိပါသည်။

အခုကျွန်မ .. သူတိုအတွက် စားဖို ထမင်း/ ဟင်းချက် နေရပါသည်။ ကရင်တွေကတော့ သူတိုဘာသာစကားဖြင့် ‌ပြောနေသည်၊ ဘာတွေလဲတော့ နားမလည်။ သိုသော် သူတို မျက်နှာကြည့်ရတာတော့ ကျက်သရေတစက်မှမရှိ။ မိမိတိုလိုပင် အနိုင်ကျင့်၊ နှိပ်စက်ကြပေးဦးမည်..


Linn Nay

Post a Comment

Previous Post Next Post