မြန်မာ့စီးပွားရေးဝုန်းကနဲပြိုတော့မှာလား....?


မြန်မာ့စီးပွားရေးဝုန်းကနဲပြိုတော့မလား လာမေးလို့ အကြမ်းဖျဥ်း ပြန်ကြည့်ဖြစ်တာလေးပါ။

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ စားသောက်ကုန်စျေးကြီးမြင့်တာ၊ လောင်စာဆီစျေးကြီးမြင့်တာ၊ ဘဏ္ဍာရေးအခြေအနေမကောင်းတဲ့ နိုင်ငံ ၉၄ နိုင်ငံရှိတယ်။ အဲဒီ ၉၄ နိုင်ငံဟာ သီရိလင်္ကါနောက်လိုက်ရနိုင်တဲ့ နိုင်ငံတွေပေါ့။

နိုင်ငံ ၉၄ နိုင်ငံထဲမှာ အဆိုးဆုံးက ၆၉ နိုင်ငံရှိပြီး အချက်သုံးချက်စလုံးနဲ့ငြိနေ အခြေအနေဆိုးရွားသတဲ့။ အဲဒီ ၆၉ နိုင်ငံမှာ မြန်မာပါလား မေးစရာကို လိုမယ်မထင်ဘူး။ ထိပ်ဆုံး ၁ မဟုတ်ရင် ၂ နဲ့ ၃ လောက်ဖြစ်နေမှာ။ အဓိက က Coup ကြောင့်။

နိုင်ငံတွေ အဖွဲ့အစည်းတွေဟာ တခြားနိုင်ငံကို စစ်တမ်းချကြ အကဲဖြတ်ကြရင် ချစ်ရင်ချစ်သလို မုန်းရင်မုန်းသလို အကဲဖြတ်ကြတာ။ 

မနေ့က ထုတ်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစိုးရအဆက်ဆက် GDP Growth Graph ကိုပဲကြည့်။ ဒေါ်စုအစိုးရထက် GDP ပိုမြင့်တဲ့ ဦးသိန်းစိန်အစိုးရကို ဖျောက်ထားတဲ့အထိကို အောက်တန်းကျတာ တွေ့ရတယ်။ 

ဘာလို့အောက်တန်းကျလဲဆိုတာ ထပ်ပြောရရင် ဦးသိန်းစိန် GDP က ဒေါ်စုထက်မြင့်နေတော့ နစကနဲ့ ယှဥ်ပြရင် သူတို့ -18 ပြထားဖူးတဲ့ ဒေါ်စုလက်ထက် GDP မပေါ်မှာစိုးလို့။

တစ်ခါ SAC ရဲ့ GDP ကို အခု ၂၀၂၂ အတွက် သူတို့က +3 ပြန်ခန့်မှန်းတယ်။ အနှုတ် ၁၈ ကနေ အပေါင်း ၃ ဆိုတော့ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ၂၁ ရာခိုင်နှုန်းရှိတယ်လို့ ပြောချင်ပြောရမယ်။ အဲဒီလိုမဟုတ်တောင် တစ်နှစ်အတွင်းမှာ ဝုန်းကနဲထိုးကျသွားရာကနေ ဝုန်းကနဲပြန်တက်ပြီး ဒေါ်စုလက်ထက် ပျမ်းမျှနှုန်း GDP 6.3 ရဲ့ ထက်ဝက်ပြန်ရောက်လာပြီးတော့ GDP သုံးရာခိုင်နှုန်းအထိ ပြန်တိုးတက်လာတယ်ဆိုတာ ပြောရမယ်။

ဒါပေမဲ့ မပြောတဲ့အပြင် ၂၀၂၂ ခန့်မှန်းပါ ဖျောက်ပြီး -18 ကို Highlight လုပ်ပြထားပြန်တယ်။ လူကိုခင်တော့ မူကိုပြင်ပြီး လူကိုမုန်းတော့ မူကိုသုံးတယ်။ ဒီကောင်တွေကလည်း ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းဖြစ်လို့သာ မှတ်တမ်းတွေကြည့်နေရတာ။ တကယ်တမ်းကြတော့ သူတို့မုန်းရင်မုန်းသလို သူများနိုင်ငံကို ဒုက္ခပေးတဲ့ မနုဿတေဇောကောင်တွေပဲ။ 

ကိုယ်တော့ တစ်ခါငြင်းဖူးတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ GDP သိချင်ရင် တောင်သူလယ်သမားတွေ ရိတ်သိမ်းရောင်းချပြီးစကာလမှာကောက်တာက အနီးစပ်ဆုံးမှန်လိမ့်မယ်။ မြန်မာ့လူဦးရေ ၇၀ ရာခိုင်နှုန်းက ကျေးလက်မှာနေတာ။ သူတို့က မိုးများလွန်းတဲ့ကာလတွေမှာ ဘာအလုပ်မှမလုပ်ဘဲ ထိုင်စားကြတာ။ အဲဒီအချိန်လာကောက်ရင်တော့ ပေါက်ကရအဖြေတွေပဲ ခင်ဗျားတို့လိုချင်သလိုထွက်မှာလို့။ အမေရိကန်သုတေသနအဖွဲ့ကိုလား ဘယ်အဖွဲ့ကိုလား မမှတ်မိတော့ပေမဲ့ သူတို့ပြန်မဖြေနိုင်တာတော့ မှတ်မိတယ်။ 

GDP Graph တွေက ဦးသိန်းစိန်နဲ့ ဒေါ်စုလက်ထက် စီးပွားရေးတိုးတက်မှုကို ကျွန်တော်ရေးဖူးတဲ့ ကျွန်တော်ပြုစုဖူးတဲ့ ဆောင်းပါးက Graph နဲ့ ကမ္ဘာ့ဘဏ်က ရည်ရွယ်ချက်ရှိရှိ ဦးသိန်းစိန်ပုံဖျောက်ထားလို့ အကိုတစ်ယောက်ပြန်ထည့်ထားတဲ့ ပုံပါ။

ပြောချင်တာကတော့ မြန်မာ့စီးပွားရေးအခုပြိုမလိုလို တော်ကြာပြိုမလိုလိုဆိုတာ ခြောက်လုံးလှန်လုံးဖြစ်ပြီး
တကယ့်တကယ်မှာတော့ ကမ္ဘာ့ဘဏ်လို SAC လက်ထက် မြန်မာနိုင်ငံရဲ့ GDP ပြန်တက်လာတယ် မပြောချင်တဲ့ အဖွဲ့မျိုးကတောင် မြန်မာ့စီးပွားရေးပြန်တိုးတက်လာတယ်လို့ ဝန်ခံထားရပြီဖြစ်ကြောင်း သိစေချင်လို့ပါ။

သေချာတာကတော့ စိုးရိမ်ရတဲ့နိုင်ငံတစ်ခုဖြစ်ပေမဲ့ သီရိလင်္ကါလို ဝုန်းကနဲပြိုကျမဲ့ နိုင်ငံမဟုတ်ဘဲ နစကလုပ်တတ်ရင် ပိုတောင်တိုးတက်မဲ့အခြေအနေ မြင်နေရမှာပါ။

Post a Comment

Previous Post Next Post