သီရိလင်္ကာတွင် သမ္မတအိမ်တော် စီးနင်းခံရမှုနှင့် ဝန်ကြီးချုပ်နေအိမ် မီးရှို့ခံရမှုဖြစ်ခဲ့ပြီး‌နောက် သမ္မတနှင့်ဝန်ကြီးချုပ်တို့ ရာထူးမှ နုတ်ထွက်တော့မည်

သီရိလင်္ကာနိုင်ငံတွင် ထောင်နှင့်ချီသည့် ဆန္ဒပြသူများက ကိုလံဘိုမြို့တော်ရှိ သမ္မတ Gotabaya Rajapaksa ၏ အစိုးရအိမ်တော်သို့ ဇူလိုင်လ (၉) ရက်နေ့တွင် စီးနင်းဝင်ရောက်ခဲ့ကြသည်။ 
နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းကို စီမံခန့်ခွဲမှု လွဲမှားမှုအပေါ် လနှင့်ချီကြာ ဆန္ဒပြမှုများ ပေါ်ပေါက်နေခဲ့ပြီးနောက် တစ်နိုင်ငံလုံးမှ ဆန္ဒပြသူများက ကိုလံဘိုမြို့သို့ စုရုံးချီတက်လာခဲ့ကြပြီး သမ္မတနှင့် ဝန်ကြီးချုပ် Ranil Wickremesinghe တို့ကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြသူများက သမ္မတအိမ်တော်ကို စီးနင်းဝင်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်၏ နေအိမ်ကို မီးရှို့ခဲ့သည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ Gotabaya က ဇူလိုင်လ (၁၃) ရက်နေ့တွင် ရာထူးမှ နုတ်ထွက်တော့မည်ဟု ကြေညာလိုက်သည်။ 

Post a Comment

Previous Post Next Post