ပြည်ဖျက်မီဒီညာများအကြောင်းတစေ့တစောင်း

ပြောရအုံးမယ်ဗျာ မြန်မာ့တပ်မတော်မှာ  စစ်သည်အင်အား ဘယ်လောက် ရှိတယ်ဆိုတာ အတိအကျမသိရပေမယ့် အခုနိုင်ငံ
တော်အာဏာထိန်းထားတဲ့ ကာလတစ်ခုလုံး မီဒီယာအချို့က နေ့စဉ်ထုတ်ပြန်တဲ့နေတဲ့ မြန်မာပြည်နဲ့အဝှမ်း နေ့စဉ်ထိတွေ့မှုဖြစ်နေတဲ့ နေရာတွေမှာ ကျဆုံး၊ ပျောက်ဆုံး၊ CDM ဖြစ်နေတဲ့ အရေအတွက်တွေသာ အမှန်ဆိုရင် မြန်မာ့တပ်မတော်မှာ လူတောင်ရှိမှာ မဟုတ်လောက်တော့ဘူး။ 

သူတို့ပြောနေတဲ့နေရာအလိုက် မြေပြင်သတင်းအမှန်တွေနဲ့ ချိန်ကိုက်ကြည့်တော့ တစ်စိပ်တစ်အိတ်လုပ်တယ်လို့တောင် ပြောလို့မရတော့ဘူး။ ကြမ်းပိုးကို လိပ်ဖြစ်အောင် လီဆယ်ပီးပြောနေတယ်ဆိုတာ သိလာရတယ်။ သူတို့ ရည်ရွယ်ချက်က ဘာလဲလို့ စဉ်းစားကြည့်တော့ လူငယ်လူရွယ်တွေကို သွေးထိုးလှုံဆော်မယ်။ လူငယ်တွေက အဟုတ်မှတ်ပြီး သွေးကြွကာ လိုက်လုပ်မယ်။ ဒီတော့ဘာဖြစ်လဲဆိုပြီး စဉ်းစားကြည့်တော့ လူငယ်တွေနဲ့ တပ်တွေနဲ့တိုက်ပွဲတွေဖြစ်လာမယ်။ လူငယ်တွေ ထိခိုက်မယ်၊ ကျဆုံးတာတွေရှိမယ်။ အဲတော့မျက်ရည်ချူမယ်။ နိုင်ငံတကာမှာ အလှူခံမယ်။ အဲလိုသတင်းမျိုးတွေကို မီဒီယာမှာ ဖော်ပြမယ်။ 

ဒီတော့ ဘာဆက်ဖြစ်မလဲ။ မီဒီယာက ပိုပြီး like and share တွေ၊ ကြည့်ရှုသူတွေ ပိုများလာမယ်။ ပိုဝင်ငွေဖြောင့်မယ်ပေါ့ဗျာ။ တစ်ဖက်ကလည်း မီဒီယာကိုအသုံးချပြီး လက်ရှိ နစကအစိုးရကို အပုတ်ချမယ်။ သူတို့ဆက်လက်ရပ်တည်နိုင်ဖို့ အလှူခံမယ်။ အဲဒီမှာ ဘာသွားတွေ့လည်းဆိုတော့ အရွယ်ငယ်ရွယ်လွန်းတဲ့ လူငယ်တွေက အသက်တွေ၊ ဘဝတွေစတေးနေရတယ်ဆိုတာပဲ။ အခု နစကအစိုးရအနေနဲ့ ဒီအရေးတွေမြင်လာတော့ လူငယ်တွေနဲ့ မိဘပြည်သူတွေ ဒုက္ခမရောက်စေလိုတဲ့အတွက် ပြန်လည်လက်ခံပေးနေတာတွေ၊ မြင်ရကြားရတော့ စိတ်ထဲကြည်နူးမိပါတယ်။ လူငယ်လေးတွေ ကြားထဲက မြေဇာပင်ဘဝမှ လွတ်မြောက်လာပီလို့လေ။ 

တကယ်တော့ သေချာ တွေးကြည့်ရင် မှိုင်းတကာမှိုင်းထဲမှာ မဟုတ်မမှန်တာကိုအဟုတ်ထင်အောင်လုပ်တဲ့ ဝါဒမှိုင်းက အဆိုးဆုံးပါပဲဗျာ။ စဉ်းစားချင့်ချိန် သုံးသပ်ကြပါလို့ပဲ မေတ္တာရှေ့ထားကာ လမ်းမှားမလိုက်မိစေဖို့အရေး မျှော်တွေးလို့ ရေးလိုက်ရပါတယ်ခင်ဗျာ။

crd***

Post a Comment

Previous Post Next Post