တိုင်းပြည်ရဲ့ဆုံးရှုံးမှုဖြစ်တဲ့ အသုံးချခံလူငယ်များ



ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်မှာ လူအများစိတ်ဝင်စားတဲ့ သတင်းကတော့ ဥကရစ်ထတိုက်ပွဲ သတင်းဖြစ်ပါတယ်။

နှစ်ဖက်ထိခိုက်ကျဆုံးမူတွေရှိပေမဲ့ စခန်းသိမ်းတိုက်ပွဲမအောင်မြင်ခဲ့တဲ့ KNDO၊ PDF တွေပိုပြီး အထိနာတယ်လို့ ဆိုကြပါတယ်။

ဒီတိုက်ပွဲမှာ အများသတိထားမိတဲ့အချက်ကတော့ CDM စစ်သားတစ်ဦးနှင့် လူရွင်တော်တစ်ဦး အပါအဝင် PDF တွေကျဆုံး၊ ဒဏ်ရာရသတင်းဖြစ်ပြီး KNU စစ်သားတွေရဲ့ ထိခိုက်ကျဆုံးမှုသတင်းတွေ မတွေ့ရတဲ့ အချက်ဖြစ်ပါတယ်။

တကယ်ပဲတိုက်ပွဲမှာ KNU စစ်သားတွေ မထိခိုက်တာလား၊ အလှူခံလို့ကောင်းအောင် PDF တွေရဲ့ ထိခိုက်ကျဆုံးမှုတွေကို ဒရမ်မာဆန်ဆန်တင်နေတာလားတော့ မသိနိုင်ပါဘူး။

သေချာတာကတော့ PDF တွေနဲ့ CDM စစ်သားတွေ ​ရှေ့ဆုံးကနေ အနာခံပြီး တိုက်ပွဲဝင်ခဲ့တယ်ဆိုတာတော့ ငြင်းလို့မရပါဘူး။

အသုံးချခံလူငယ်တွေ ထိခိုက်သေဆုံးမူတွေကတော့ တိုင်းပြည်ရဲ့ဆုံးရူံးမှုပဲဖြစ်ပါတယ်။

Post a Comment

Previous Post Next Post