ဥကရစ်ထတိုက်ပွဲရဲ့ ထူးခြားချက် ၃ ချက်


မငြိမ်းချမ်းသေးတဲ့နယ်စပ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်တိုက်ပွဲတွေဖြစ်တာ မထူးဆန်းပါဘူး။ဒါပေမယ့်လည်း လတ်တလောဖြစ်နေတဲ့ ဥကရစ်ထစခန်းတိုက်ပွဲမှာတော့ ထူးခြားချက်တွေရှိနေပါတယ်။

ပထမဆုံးထူးခြားချက်ကတော့ တိုက်ပွဲတွေမဖြစ်ခင် ထိုင်းနိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတိုင်ပင်ခံဆိုသူရောက်လာပြီး NUG၊ KNU အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် NUG အဖွဲ့က KNU အဖွဲ့ကို ဘတ် ၁ သန်းထောက်ပံ့ပေးပြီး ရက်ပိုင်းအတွင်း စခန်းသိမ်းတိုက်ပွဲဖြစ်လာတဲ့အတွက် ဒီတိုက်ပွဲဟာ ပြည်ပကြိုးကိုင်မှုကြောင့် ကြေးစားဆန်တဲ့ တိုက်ပွဲလို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။

ရက်ရှည်တိုက်ပွဲမှာခဲယမ်းအ​မြောက်အမြားသုံးတာမြင်​တွေ့ရလို့​နောက်ကွယ်ကလက်မဲကြီး​တွေပါ​နေတာငြင်းလို့မရပါဘူး။​သေခြာတာက​တော့KNU သက်ဆိုးရှည်​နေတာထိုင်းနိူင်ငံရဲ့ပံပိုးမှု​ကြောင့်ဆိုတာလူတိုင်းသိပါတယ်။

ဒုတိယထူးခြားချက်ကတော့ KNU နဲ့ PDF တွေရဲ့ ထိခိုက်ကျဆုံးမှုများတဲ့ သတင်းဖြစ်ပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအရ နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေရှိပေမယ့် တိုက်စစ်ဆင်သူ KNU ဘက်က ရာနဲ့ချီပြီး ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ဆိုပါတယ်။ လူမှုကွန်ယက်သတင်းတွေမှာတော့ KNU တပ်ဖွဲ့ဝင်တွေ ကျဆုံးဒဏ်ရာ ရရှိတယ်ဆိုတဲ့ သတင်းကို မတွေ့ရပဲ PDF တွေ ရာနဲ့ချီပြီး ထိခိုက်ဒဏ်ရာရတဲ့ဆိုတဲ့သတင်းကိုပဲ တွေ့ရပါတယ်။ ခိုင်မာတဲ့အ​ထောက်အထားက​တော့pdf​တွေထိုင်းဖက်က​ဆေးရုံမှာ​သွေးလိုလို့အကူအညီ​တောင်းတဲ့သတင်းမှာမြင်​တွေ့ကြရမှာဖြစ်ပါတယ်။
 
ဒါ့ကြောင့် ဒီတိုက်ပွဲမှာ KNU က ထောက်ပံ့ကြေးယူပြီး  PDF တွေကို ရှေ့ကနေ အသေခံတိုက်ခိုင်းပြီး မျောက်ပြဆန်တောင်း လုပ်ခဲ့တယ်လို့ ဆိုကြပါတယ်။


တတိယထူးချက်ကတော့ တိုက်ပွဲပြင်းထန်နေချိန်မှာ ထိုင်း-မြန်မာ နယ်ခြားကော်မတီအစည်းအဝေးတိုက်ဆိုင်​နေပီ ထိုင်း-မြန်မာ စစ်ဘက်ဆက်ဆံရေးက ကောင်းနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေကို ကြည့်ရင်လည်း နယ်စပ်​ဒေသတည်ငြိမ်​အေးချမ်​ရေးနဲ့အကြမ်းဖက်တိုက်ဖျက်ရေး​တွေပူး​ပေါင်းလုပ်မယ်လို့ ဖော်ပြနေတာကို တွေ့ရမှာဖြစ်ပါတယ်။

မြေပြင်မှာတော့ KNU နဲ့ PDF တွေ လက်နက်ခဲယမ်း ပေါပေါသီသီ သုံးစွဲနိုင်ခြင်း၊ ဒဏ်ရာရလူနာတွေကို ထိုင်းနိုင်ငံ ဖုတ်ဖ ဆေးရုံမှာ ကုသမှုပေးခြင်းအပါအဝင် ထိုင်းနယ်စပ်မှာ လူသားချင်း စာနာထောက်ထားမှု ‌ခေါင်းစဉ်နဲ့ စစ်‌ဘေးရှောင်တွေကို ထိုင်းက လက်ခံထားပါတယ်။
 
တစ်ဖက်မှာလည်း ပိုင်နက်နယ်မြေကို လေယာဉ်ကျူးကျော်ပျံသန်းတာကို အရေးမကြီးသလိုလုပ်ပြပြီး မြန်မာစစ်တပ် ထိုင်းနယ်နမိတ်ဘက်က စစ်ကူလိုက်တာကို ခွင့်ပြုပေးခဲ့တာကလည်း ထိုင်းနိုင်ငံရဲ့ Double Standard ကျင့်သုံးမှုကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီထူးခြားချက် ၃ ချက်ရဲ့ အနှစ်ချုပ်ကတော့ နိုင်ငံတကာဆက်ဆံရေးမှာ ထာဝရမိတ်ဆွေ ထာဝရ ရန်သူဆိုတာမရှိပဲ ထာဝရ အကျိုးစီးပွားသာ ရှိတယ်ဆိုတာ နားလည်ရမှာဖြစ်သလို အိမ်နီးချင်းကောင်းရင် နယ်စပ်ဒေသတွေမှာ တည်ငြိမ်အေးချမ်းမှုတွေ ပိုမိုရရှိနိုင်မယ်ဆိုတာကတော့ သေချာနေပါတယ်။

Post a Comment

Previous Post Next Post