နောက်ဆုံးတော့ အစိုးရဆိုတာ အစိုးရပါပဲ



ထိုင်းနိုင်ငံရဲ့လေပိုင်နက်ထဲကို မြန်မာ စစ်
လေယာဉ် နယ်ကျော်ဖြတ်သန်းပြီး ထိုင်း
နယ်စပ်က သူပုန်စခန်းကိုပစ်သွားတဲ့ အ
တွက် သူတို့မှာ  လုံခြုံမှု  မရှိတော့တဲ့ အ ကြောင်း တစ်ဖက် မီဒီယာတွေပြောလာပါ
တယ်

ထိုင်းအစိုးရအနေနဲ့ တရားဝင်အစိုးရကိုသာ
ညှိနှိုင်းမှာဖြစ်ပါတယ်  NUG ကဲ့သို့တရားမ
ဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ကို ဘယ်သူကညှိနှိုင်း
ပါမလဲ  အကြမ်းဖက်အမည်ခံထားတဲ့PDF
နဲ့၎င်း တို့အားထောက်ပံ့သူ များကိုနှိမ်နင်း
ရာမှာ မြန်မာနဲ့ နယ်မြေ ၂၄၀၀ ကီလိုမီတာ
ဆက်စပ်နေတဲ့ ထိုင်းအစိုးရက ကူညီပေးပြီး
လေကြောင်းပိုင်နက်အသုံးပြုခွင့်ပေးတာမ
ဆန်းပါ

ထိုင်း ကြည်းတပ်စစ်ဗိုလ်ချုပ်ကြီး မြန်မာ
နိုင်ငံက ကာကွယ်ရေးဦးစီးချုပ်ကိုလာပြီး
တွေ့ ဆုံ ဂါရဝပြုပြီး နောက်ပိုင်း မှာ ထိုင်း
နယ်စပ် ဘက်မှ ပိုမိုအတိုက်ခံရနေတယ်လို့
သိရပါတယ်

ထိုင်းနဲ့မြန်မာဆက်ဆံရေးဟာ လက်ရှိအနေ
အထားမှာပိုမိုကောင်းမွန်နေပြီး ထိုင်းစစ်တပ်
အကြီးအကဲ ဗိုလ်ချုပ်ကြီး ရဲ့ မွေးစားသား
လို့တောင် မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီး
ချုပ်ကို ထိုင်းနိုင်ငံမှာ ခေါ်နေကြပါပြီ

ထိုင်းနိုင်ငံဟာ အနောက်အုပ်စုရဲ့ထောက်ပံ့
မှုနဲ့ရပ်တည်နေရတဲ့နိုင်ငံဖြစ်ပေမဲ့ မြန်မာနိုင်
ငံကို အာစီယံမိတ်ဖက်နိုင်ငံအဖြစ် မိတ်ဆွေ
သဖွယ်ရှိနေပါတယ်

နောက်ပိုင်းကာလတွေမှာ ထိုင်းမြန်မာနယ်
စပ်ဟာ သောင်းကျန်းသူတွေရဲ့လွတ်မြောက်
နယ်မြေ အကြမ်းဖက်သမားများရဲ့ကွန်းခိုရာ
ဒေသတစ်ခု ဖြစ်နိုင်တော့မည် မဟုတ်ကြောင်း ရေးသားလိုက်ရပါသည်

#သားစစ်ကြီး

Post a Comment

Previous Post Next Post