မြတ်သော အလှူ🙏🙏🙏

နိုင်ငံတော်နှင့် တပ်မတော်ကို ချစ်မြတ်နိုးသည့် လူငယ်တစ်ဦးသည် ၎င်း၏မိဘ ဘိုးဘွားများလက်ထက်က ထိန်းသိမ်းထားရှိသည့် ပတ္တမြားကြီးကို တပ်မတော်သို့ လှူဒါန်းရန်အတွက် ကမ်းလှမ်းလာခဲ့ရာ အဆိုပါပတ္တမြားကို တာဝန်ရှိသူများဖြင့် စိစစ်ကြည့်သည့်အခါတွင် အဖိုးထိုက်တန်သည့်ပတ္တမြားဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိရသည်။

ယခု လှူဒါန်းသည့် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပြီး အရွယ်အစားအားဖြင့် ကြီးမားသည့်ပတ္တမြားကြီးအား တပ်မတော်မှ နိုင်ငံ တော်သို့ ပေးအပ်လှူဒါန်းခဲ့သည်။

ပတ္တမြားကြီးသည် ပွတ်ချောအမျိုးအစားဖြစ်ပြီး အပြစ်အနာအဆာကင်းစင်ကာ မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှ ထွက်ရှိသည့် ရှားပါးသော ပတ္တမြားဖြစ်ပြီးလှူဒါန်းသည့် လူငယ်ကိုလည်း ထိုက်တန်သည့် ချီးမြှင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

Post a Comment

Previous Post Next Post