KNU အကွဲအပြဲ


KNUဗဟိုမှာ ဥက္ကဌ မူတူးစေးဖော၊ စစ်ဦးစီးချုပ် 
စောဂျော်နီ တို့လိုငြိမ်းချမ်းရေးယူလိုသူတွေက
တစ်ဖွဲ့ ..

ပဒိုစောတောနီး၊ ဒုစစ်ဦးချုပ်ဘောကျော်ဟဲတို့
လို စစ်လိုလားသူများက တစ်ဖွဲ့ဆိုပြီး သဘော
ထားကွဲ နေကြတာကြာပြီဖြစ်ပါတယ်။

အခု နောက်ပိုင်းမှာတော့ စစ်လိုလားသူ၊ သဘော 
ထားတင်းမာသူများဘက်က ဗဟိုမှာအားသာ
လာတဲ့အတွက် တွေ့ဆုံဆွေးနွေးရေးထက် အမြစ်
ပြတ်ချေမှုန်းရေးလိုင်းဘက် ပြောင်းလာခဲ့ပြီဖြစ်
ပါတယ်။

နစကရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကမ်းလှမ်းချက်
အပေါ်ဥက္ကဌ စောမူတူးစေးဖောက တက်မယ်
ဆုံးဖြတ်ပေမယ့် ဗဟိုအများစုက ကန့်ကွက်လို့ 
မတက်ရကြောင်း သတင်းများအရ သိရပါတယ်။

KNUဥက္ကဌမူတူးစေးဖော နဲ့ KNLA စစ်ဦးစီးချုပ် 
စောဂျော်နီ တိုရဲ့ သြဇာအရှိန်အဝါ၊ သဘာ၊ ဝါ 
ကလည်း KNUအဖွဲ့အတွင်းမှာကြီးမားတဲ့အတွက် 
KNU ဗဟိုအကွဲအပြဲကနေ KNU နှစ်ခြမ်းကွဲသွား
မလားစောင့်ကြည့်နေကြချိန်မှာစောနယ်ဒါးမြ ရဲ့ 
ကော်သူးလေ တပ်မတော် တည်ထောင်တဲ့ အကွဲ 
အပြဲကရုတ်တရက်ပေါ်ထွက်လာတာဖြစ်ပါတယ်။

အထူးသဖြင့် တပ်မတော်ကိုစစ်အာဏာရှင်အမြစ်
ပြတ်ချေမှုန်းတိုက်ခိုက်ရေး၊ စစ်တပ်က နိုင်ငံရေး
ကထွက်မှ ဆွေးနွေးနိုင်မယ်လို့ ရဲရဲတောက် တော် 
လှန်ရေးတွေ မကြာခနပြောနေတဲ့ KNU နိုင်ငံခြား 
ရေးတာဝန်ခံပဒိုစောတောနီးတစ်ယောက် စောနယ်
ဒါးမြ ကော်သူးလေ အာမီတည်ထောင်တဲ့အပေါ် 
ဒေါနဲ့မောနဲ့ပြန် တုံပြန်ဖြေရှင်းနေတာတွေ့ရတော့ 
တိုင်းရင်းသား လက်နက်ကိုင်ပေါင်းစုံပါဝင်တဲ့ ဖက်
ဒရယ်တပ်မတော်ကြီး တည်ထောင်ဖို့ထက် KNU 
ဖက်ဒရယ်တပ်မတော်ကို ရအောင်တည်ထောင်ဖို့တောင်မလွယ်ကြောင်း...။

#SitNyein

Post a Comment

Previous Post Next Post