NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းများက နာမည်စာရင်းများပေး၍ လိုက်သတ်ခိုင်းနေခြင်းဖြစ်ကြောင်း PDF အဖွဲဝင်တစ်ဦးပြော

USDPပါတီဝင်များ၊ အမျိုးသားရေးလှုပ်ရှားသူများ၊ ဝန်ထမ်းများကို လိုက်လံ လုပ်ကြံသတ်ဖြတ်နေခြင်းမှာ NLD လွှတ်တော်အမတ်ဟောင်းများက နာမည်စာရင်းပေး၍ လိုက်သတ်ခိုင်းနေခြင်းဖြစ်ကြောင်း PDF အဖွဲဝင်တစ်ဦးက ပြောသည်။

မန္တလေးမြိုပေါ် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ခဲ့ပြီး PDF အဖွဲများ ဖွဲစည်းရာတွင်လည်း ပါဝင်ခဲ့သူ အမည်မဖော်လိုသူတစ်ဦးက "ကျွန်တော် ဆန္ဒပြမှုတွေ စတင်ကတည်းက ပါခဲ့တယ်ပေါ့ဗျာ။ ထဲထဲဝင်ဝင် လုပ်ပေးခဲ့ပါတယ်။ နောက်တော့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဆီလွှတ်ပြီး အကြမ်းဖက်သင်တန်းတွေ တက်ခိုင်းတယ်။ ကျွန်တော်ကတော့ တိုင်းရင်းသား နယ်မြေကို မလိုက်နိုင်ဘူး။ ပါမသွားခဲ့ဘူး။ ပြန်လာခဲ့ကြတဲ့ သူငယ်ချင်းတွေ ရှိပါတယ်။ တချိုလည်း အဖမ်းခံလိုက်ရပါတယ်။ ကျွန်တော်တိုကို အဓိက ဦးဆောင်တာတော့ လွှတ်တော်အမတ်တွေပါပဲ။ သူတိုကပဲ ခိုင်းစေနေတာပါ။ ကြံ့ဖွတ်က လူတွေကို သတ်ဖို၊ အမျိုးသားရေးလှုပ်ရှားသူတွေကို သတ်ဖို၊ အုပ်ကြီးတွေကို သတ်ဖိုဆိုတာက သူတိုက ခိုင်းနေတာပါ။ မြိုနယ်အလိုက်ပေါ့ဗျာ။ သူတိုမှာ နာမည်စာရင်းတွေ ရှိတယ်။ အဲဒီစာရင်းတွေကိုပဲ မြိုနယ်အလိုက် လှုပ်ရှားမယ့်ကောင်တွေကို ပေးထာတယ်။ သေနတ်ပေးထားတယ်။ တစ်မြိုနယ်မှာ ၃ယောက်နဲ့ ၅ယောက်ကြားပဲ။ အများကြီးလည်း မဟုတ်ဘူး။ အဓိက မနက်ပိုင်းနဲ့ ညနေပိုင်း လှုပ်ရှားဖိုပေါ့ဗျာ။" ဟု ပြောသည်။

ဆက်လက်၍ "ကျွန်တော် PDF အနေနဲ့ ဆက်ပြီး မလှုပ်ရှားဘူးဆိုတာကတော့ဗျာ သူတပါး မိသားစုကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်ရမယ့်အလုပ်ဖြစ်နေတယ်။ နောက်တစ်ခုက ဒီလို လုပ်လိုလည်း ပြီးသွားမှာ မဟုတ်ဘူး။ ကျွန်တော်တိုကို သေနတ်တစ်လက်ပေးထားတယ်။ အဖမ်းခံရရင် ကိုယ်ခံရမယ်။ သတ်ပေးရတာက ဘယ်သူ့အတွက် သတ်ပေးရတာလဲ။ ကျွန်တော် NLD ပါတီကို ယုံကြည်ထောက်ခံသလို တခြားသူလည်း သူကြိုက်တဲ့ပါတီအဖွဲအစည်းကို ထောက်ခံမှာပေါ့။ ဒီလမ်းစဉ်ကတော့ မှားနေတာဖြစ်တဲ့အတွက် ကျွန်တော်အဲဒီလို လုပ်ရမယ့် အလုပ်တွေမှာ လိုက်မလုပ်ပါဘူး။" ဟု ပြောဆိုသည်။

မန္တလေးမြိုပေါ်တွင် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ ဦးဆောင်၍ တိုင်းရင်းသားနယ်မြေသို အကြမ်းဖက်သင်တန်းများ တက်ရောက်ရန် လူငယ်အများအပြားကို ပိုဆောင်ခဲ့သည့် လုပ်ရပ်များကို ဖမ်းဆီးခံရသော လူငယ်များကလည်း ထွက်ဆိုချက်ပေးခဲ့ကြသည်။

ရန်ကုန်၊ မန္တလေးနှင့် အခြားနယ်မြိုများတွင် NLD လွှတ်တော်အမတ်များ၏ စေခိုင်းချက်ဖြင့် လိုက်လံလုပ်ကြံသတ်ဖြတ်မှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ဖမ်းဆီးရမိဖော်ထုတ်နိုင်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

မြင်းခြံမြို၊ အနိမ့်ကျေးရွာ အုပ်ချုပ်ရေးမှူးကို လုပ်ကြံသတ်ဖြတ်ရန် လာသူအား ရွာသားများက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးခံရသူမှာ ဝက်သတ်သမားဖြစ်ပြီး သူ၏ ထွက်ဆိုချက်အရ NLD လွှတ်တော်အမတ်များက ငွေ ၂၅သိန်းပေး၍ သတ်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

crd Yemaung Maung Ye
#mb
https://t.me/stlmgbhone199

Post a Comment

Previous Post Next Post