နိုင်ငံရေးဆိုတာဘာလဲ

နိုင်ငံရေးဆိုတာဘာလဲ
နိုင်ငံရေးဆိုတာကိုယ်ဖြစ်စေချင်တာပုံဖေါ်ရတာဘဲ။
နိုင်ငံရေးဖြစ်စဥ်တခုလည်ပတ်ဘို့ကအသုံးချခံစတေးခံရှိရမယ်
အသုံးချသူစေခိုင်းသူရှိရမယ်
အဲ့ဒီအပေါ်ကမှစီစဥ်ညွန်ကြားသူရှိမယ်။
ဒီအလွှာ၃လွာတထပ်ခြင်းရှိနေတယ်။
နိုင်ငံရေးဖြစ်စဥ်လုပ်ဘို့ကကနဦးဖြစ်ရပ်တခုတော့ပုံဖေါ်ရတာပေါ့
အောက်ဆုံးအလွှာအသုံးချခံများ
အသုံးချခံစတေးခံတွေမရှိဘဲလဲ...နိုင်ငံရေးဖြစ်စဥ်တွေပုံဖေါ်လို့မရဘူး။အသုံးချခံစတေးခံတွေကတော့နိုင်ငံရေးနားမလည်သူစိတ်ဓါတ်တက်ကြွလွယ်သူမဟုတ်မခံစိတ်ရှိသူ
လူငယ်လူရွယ်တွေများတယ်။
အခုဖြစ်စဥ်မှာပညာတတ်လူတန်းစားအလွှာဆရာဝန်ဆရာမစာရေးစာချီတွေပါအသုံးချခံစတေးခံမှန်းမသိအသုံးချခံလိုက်ရတယ်။
အထူးသဖြင့်တော့ပညာအားနည်းစဥ်းစားချင့်ခြိန်နိုင်မှုအားနည်းသူတွေဟာစတေးခံတွေဘဲ။
ဒုတိယကအသုံးချသူတွေ
နိုင်ငံရေးဖြစ်စဥ်တခုမှာအသုံးချသူအလွှာကသတ်သတ်ရှိတယ်။Cellyတွေ
အနုပညာရှင်တွေစစ်သွေးကြွ
သူတွေနံမည်ကြီးသူတွေ။
သူတို့ကဘာလုပ်ရလဲဆိုတော့
အောက်ခြေအလွှာအသုံးချခံစတေးခံတွေကိုလိုသလိုပုံဖေါ်လှု့ဆော်ပေးရတယ်ငွေကြေးကိစ္စတွေမှာနံမည်ခံပေးရတယ်။စကားတွေရှေ့ထွက်ပြီးများများပြောပေးရတယ်။မှန်တာတွေမှားတာတွေထက်ပြောနေဘို့လိုတယ်လှုပ်နေဘို့လိုတယ်။ဒီအလွှာကလူတွေသိသာတဲ့အကျိုးအမြတ်ရကြတယ်။အပေါ်ဆုးအလွှာကသူဒီဖြစ်စဥ်ကြီးတခုလုံးကိုလိုသလိုပုံဖေါ်သူလက်မဲကြီးလို့ခေါ်ရမယ်ထင်တယ်။

စီစဥ်သူလက်မဲ​ြကီးတွေကတော့ရှေ့ကိုလုံးဝထွက်မလာပါဘူး။ဘာမှလဲပြောမနေသလိုလူသိရှင်ကြားဘာမှမလုပ်ဘူး။
သူတို့ကplanကြီးတခုလုံးရေးဆွဲမယ်။ငွေရှာပေးမယ်။ဘယ်အချိန်မှာဘယ်သူ့ကိုဘာလုပ်ခိုင်းမယ်ဘယ်လိုပြောခိုင်းမယ်ဘယ်မှာထားမယ်စသဖြင့်ပေါ့။Tempoအတက်အကျကိုလည်းသူတို့ဘဲရွေးချယ်ကစားတယ်။
လက်မဲကြီးအလွှာကတော့ဒုတိယအလွှာလူတွေကိုလုံးဝလက်လွတ်မခံဘူး။အောက်ဆုံးအလွှာကလူတွေကတော့ဘယ်လောက်ဆုံးရှုံးဆုံးရှုံး
အဆုံးရှုံးခံစတေးလိုက်ကြတာဘဲ။
ဒီလိုစတေးမှဇါတ်ရှိန်ကပိုတက်မှာလေ။
ဘယ်လိုန်ုင်ငံရေးဖြစ်စဥ်ဖြစ်ဖြစ်ဒီ
ေဘာင်ထဲကမထွက်ဘူး။ကိုယ့်ဘက်ကအားသာလာရင်တောင်အပေါ်ဆုံးအလွှာကဘယ်တော့မှထွက်မလာဘူး။
ဒီလိုဖြစ်စဥ်တွေစသန္ဓေတည်တာကလည်းအပေါ်ဆုံးအလွှာကဘဲ။
အခုမြန်မာ့နိုင်ငံရေးဖြစ်စဥ်မှာပြောရရင်တော့ဇော်ဝေစိုးတို့ဘာတို့NUGတသိုက်တောင်ဒုတိယအလွှာထဲမှာ။
ဘာကြောင့်လဲဆိုတော့ဘာနိုင်ငံရေးမှစောက်ဖြစ်ရှိရှိမလုပ်တတ်ဘူးလေခိုင်းတဲ့အတိုင်းလုပ်နိုင်ဘို့ဘဲလိုတာကိုး။
အဲ့တော့အခုအပေါ်ဆုံးအလွှာလက်မဲ​ြကီးကဘယ်သူဖြစ်မလဲကိုယ့်ဟာကိုယ်စဥ်းစားကြည့်ကြပေါ့။တော်လှန်ရေးဆိုပြီး
ကိုယ်ပါဝင်နေရတဲ့အနေအထားဟာဘယ်အလွှာမှာရှိနေသလဲကိုယ့်ဟာကိုယ်စဥ်းစား။
ဒီsologamတခုထက်မပိုတဲ့တော်လှန်ရေးကြီးထဲမှာကိုယ်ဘယ်အချိန်ဘယ်လိုအဆုံးသတိရမှာလဲ
တွက်ဆကြည့်ကြပေါ့။
ပြောရမယ်ဆိုရင်တော့တော်လှန်ရေးဆိုတာကြိုစီမံအကွက်ချထားတဲ့မျက်လှဲ့ပြကွက်တခုထက်မပိုဘူး။မျက်လှဲ့ဆိုတာကလည်းလူတွေစိတ်ဝင်စားအောင်လိမ်မှန်းမသိအောင်အရောင်တွေအဆန်းတကျယ်တွေလှုပ်ရှားမှုတွေနဲ့စိတ်တွေကိုနိုးဆွထားတာ။
တော်လှန်ရေးဆိုတာကလည်းလူတွေစိတ်ဝင်စားမဲ့လူတွေကတဆင့်စကားလုံးတွေနဲ့စိတ်တွေကိုနိုးဆွတာ။
ဒါကြောင့်တော်လှန်ရေးဆိုတာ
sologamတွေထက်ဘာမှမပိုဘူး။
အချိန်တန်တော့လဲအမြင့်ကိုမြောက်လိုက်တဲ့ကျောက်ခဲတလုံးလိုအမြင့်ဆုံးရောက်ပြီးရင်အောက်ပြန်ကျမှာမလွှဲမသွေပါ။
လက်မဲ​ြကီးတွေကသိတယ်tempoကျနေပြီဆိုရင်စတေးစရာစတေးပြီးဇါတ်ရှိန်ပြန်မြင့်တယ်။လိုအပ်လို့အဆုံးသတ်ရတော့မယ်ဆိုရင်ဒုတိယအလွှာတွေကိုထပ်စတေးလိုက်မယ်။
ဒါပါဘဲ။
ခက်တာကမြန်မာနိုင်ငံရေးသမိုင်းကြောင်းမှာဘယ်နိုင်ငံရေးဖြစ်စဥ်မှမအောင်မြင်ခဲ့ကြဘူးအချိန်တန်ရင်ကျရှုံးပျောက်ကွယ်မေ့ပျောက်သွားကြရတာဘဲဆိုတာကိုတော့အသေအချာသိထားကြစေချင်တယ်။
ဒါကလည်းသိတ်တော့မထူးဆန်းပါဘူး။အားလုံးဟာလက်မဲကြီးကြောင့်သာနိုင်ငံရေးဖြစ်စဥ်တွေဖြစ်လာခဲ့လေတော့အချိန်တခုခုရောက်ရင်တခန်းရပ်သွားတာပါဘဲ။
ဆိုးတာက...ဇါတ်ကိုတော့မသိမ်းဘူးဗျ။လက်မဲ​ြကီးကဇါတ်ပေါင်းခန်းတော့မကြိုက်ဘူး။တခန်းရပ်လေးဘဲထားမှာ။ဒါအသေအချာဘဲ။
atz040722

Post a Comment

Previous Post Next Post