နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan သို့ ရောက်ရှိ၊ သမ္မတနှင့် တွေ့ဆုံဆွေးနွေး

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် Republic of the Tatarstan ၊ ကာဇန်မြို့၊ ကာဇန်လေဆိပ်သို့ ရောက်ရှိကြရာ Republic of the Tatarstan သမ္မတ  Mr. Rustam Nurgaliyevich Minnikhanov နှင့် တာဝန်ရှိသူတို့က ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများနှင့်အညီ ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Republic of the Tatarstan သမ္မတအိမ်တော်သို့ ရောက်ရှိကြပြီး Republic of the Tatarstan သမ္မတ  Mr. Rustam Nurgaliyevich Minnikhanov က ကရင်မလင်ရှိ သမ္မတရုံးတွင် ကြိုဆိုနှုတ်ဆက်သည်။ ယင်းနောက် သမ္မတရုံးခန်း၌ သီးသန့်တွေ့ဆုံဆွေးနွေးပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Republic of the Tatarstan သမ္မတတို့သည် သမ္မတရုံးရှိ ဧည့်ခန်းမဆောင်၌ တက်ရောက်လာကြသည့် ‌ ကိုယ်စားလှယ်အဖွဲ့ဝင်များအား အပြန်အလှန် မိတ်ဆက် ပေးပြီး ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ တွေ့ဆုံဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် စစ်ဘက်နယ်ဘက်၊ အရာရှိကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး Republic of the Tatarstan သမ္မတနှင့်အတူ ဝန်ကြီး များနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

တွေ့ဆုံဆွေးနွေးရာတွင် ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည် ရင်းနှီးမှုပိုမို တိုးတက်ရေးဆိုင်ရာများ၊ Republic of the Tatarstan သမ္မတ အနေဖြင့် မြန်မာနိုင်ငံသို့ ယခုနှစ် ဧပြီလတွင် ရောက်ရှိခဲ့ပြီး စီးပွားရေးဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ နှစ်ဦးနှစ်ဖက် ဆက်ဆံမှုတိုးမြင့်ရေးအတွက် ကူးသန်းရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတို့တွင် မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများတည်ဆောက်ခြင်း၊ စက်ပစ္စည်းများတပ်ဆင်ထိန်းသိမ်းခြင်း တို့ကို ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ပညာ ရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

ထို့နောက် kazan မြို့ရှိ စီးပွားရေးဆိုင်ရာ လုပ်ငန်းများအလိုက် တာဝန်ရှိသူများ က လုပ်ငန်းတစ်ခုချင်းစီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် Republic of the Tatarstan သမ္မတ တို့က လုပ်ငန်းတစ်ခုချင်းစီအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား အလေးအနက်ထား ဖြည့်စွက်ဆွေး နွေး ပြောကြားကြသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား Republic of the Tatarstan သမ္မတ က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

ဦးစွာ Republic of the Tatarstan သမ္မတနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် တို့သည် နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြား ကြပြီး အဖွဲ့ဝင်များနှင့်အတူညစာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း Republic of the Tatarstan မှ ရိုးရာတေးဂီတ အဖွဲ့က ရိုးရာတေးသီချင်းများ၊ ယဉ်ကျေးမှု အကအလှများဖြင့် တီးမှုတ် ဖျော်ဖြေ တင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Republic of the Tatarstan သမ္မတ အထူးဧည့်ဂေဟာသို့ ရောက်ရှိ ကာ ညအိပ်ရပ်နားခဲ့ကြကြောင်း သတင်းရရှိသည်။

Post a Comment

Previous Post Next Post