ကွဲကွဲပြားပြား သိဖို့ လို....

ကိုမျိုးဝင်းနဲ့ပတ်သက်ပြီး ခုချိန်အမြင်အမျိုးမျိုးရှိနေကြမှာပါ။ သတင်းရေးတဲ့သူ၊  အထူးသဖြင့် နိုင်ငံရေးအကြောင်းရေးတဲ့သူတွေမှာ ဥပမာ ကိုမျိုးဝင်းလိုမျိုး (သူဆီမှာ စာဖတ်ပရိတ်သတ် အခိုင်အမာရှိတဲ့သူမှာ) သူ့ဆီကို ဒါလေးရေးပေးပါလား၊ ဒါလေးတော့ ဖြစ်သင့်တယ်မလားဆိုတဲ့ မမြင်နိုင်တဲ့ နောက်ကွယ်က Forces လေးတွေ ရှိတတ်ပါတယ်။ စာရေးကောင်းတဲ့သူလည်းဖြစ်တော့ တခါတလေမှာ သူလည်း စေတနာဇော ဖြစ်ချင်ဖြစ်မှာပေါ့။ စာရေးတဲ့အခါမှာ သတိထားစရာကောင်းတဲ့ အချက်က ဝေဖန်တာလား၊ ဒါမှမဟုတ် အပြုသဘောထောက်ပြတာမျိုးလား ဆိုတာ ကွဲကွဲပြားပြား သိဖို့ လိုပါတယ်။ 



တစ်ခု သတိထားရမှာက လက်ရှိတာဝန်ယူနေတာက နစက ဆိုတဲ့ အိမ်စောင့်အစိုးရဆိုတာပါကိုပဲ။  ဒီမိုကရေစီအစိုးရလို့ ခံယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာတောင် ခင်ဗျားကြီးက ဆိုတဲ့ အသုံးအနှုန်းသုံးစွဲမိတာနဲ့တင် ပုဒ်မ ၁၂၄(က)နဲ့ ထောင်ဒဏ် နှစ်(၂၀)ချမှတ်ဖူးပါတယ်။ ဒီလိုပြောလို့ မပြောရဘူး၊ မဝေဖန်ရဘူးမျိုးတော့ မဟုတ်ပါဘူး။  ကျနော်တို့ကြည့်ရမှာက ခေတ်အခြေအနေနဲ့ ကိုယ်ရေးလိုက်တဲ့ စာတကြောင်းက မြေပြင်မှာလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းအပေါ် ဘယ်လောက်အကျိုးသက်ရောက်မှု ရှိသလဲဆိုတာ ချင့်ချိန်ရရမှာဖြစ်ပါတယ်။ မြေပြင်မှာ လုပ်ကိုင်ဆောင်ရွက်မှုလွဲနေတဲ့ အချက်တွေကို အပြုသဘောဆောင်တဲ့ ထောက်ပြမှုမျိုးနဲ့ ဆို ပိုပြီးသင့်လျောတယ်လို့  ခံစားမိလို့ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း ကိုယ့်စာဖတ်လိုက်တဲ့ တာဝန်ရှိသူတွေကို အဖြေတခါတည်း ဖြစ်စေတဲ့ စာမျိုးရေးပေးတာက ပိုပြီး ကောင်းမွန်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ။ "မလုပ်တက်ရင် ဆင်း၊ ဒါလေးတောင် ပြန်မကြည့်ပေးဘူးလား၊ အာဏာထိန်းထားတာ ဘယ်နှစ်နှစ် ရှိနေပြီလဲ၊ တည်ငြိမ်အောင် မလုပ်နိုင်ဘူးလား "ဆိုတဲ့  စကားရပ်မျိုးပါသွားရင် ပြသနာရှိနိုင်တာမျိုးဖြစ်ပါတယ်။ 

လက်ရှိ နစက ရင်ဆိုင်နေရတဲ့ ပြသနာက ၈၈ ထက်ပိုဆိုးပါတယ်။ ၈၈ တုန်းက  ရင်ဆိုင်ရတဲ့ အခြေအနေက  ခုလို  ပွင့်လင်းတဲ့ အင်တာနက်ခေတ်မဟုတ်ပါဘူး။ နယ်မြေတစ်ခုကို ထိမ်းထိမ်းသိမ်းသိမ်းဆောင်ရွက်ဖို့ အရမ်းခက်သလို ကိုယ်ရှိနေတဲ့ အနေအထားလေး ကျုံ့မသွားရအောင်တောင် မနည်းကျားကန်နေရတာဖြစ်ပါတယ်။ ဒါကို အာဆီယံနိုင်ငံတွေက ကိုယ့်နိုင်ငံကို  ဒီလောက်စော်ကားနေတာတောင်မှ ဒီအဖွဲ့အစည်းထဲက ထွက်ဖို့ဆိုတဲ့ စကားလုံးထက် ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ စကားလုံးကို ဝန်ကြီးချုပ် ရွေးသုံးသွားတာကိုကြည့်ရင် ဒီအိမ်နီးချင်းနိုင်ငံတွေကို  မှီခိုပြီး အလုပ်သွားလုပ်နေတဲ့ ကိုယ့်နိုင်ငံသား ၄ သန်းကျော်ရဲ့ မျက်နှာတွေကို တဖက်မှာထောက်ထားရတယ်ဆိုတာ သတိပြုမိစေချင်တာဖြစ်ပါတယ်။ 

တဖက်မှာ ရင်ဆိုင်နေရတဲ့ PDF လူငယ်တွေက ဗကပလိုမျိုး ဝါဒကို ကိုင်စွဲတဲ့ လက်နက်ကိုင်တပ်ဖွဲ့မဟုတ်ပြန်ပါဘူး။ ဗကပ ဆိုတဲ့အဖွဲ့အစည်းက ယုံကြည်ရာ ဝါဒတစ်ခုအတွက် လူသတ်တယ်ဆိုရင်တောင် ခုလို ပညာရေးဝန်ထမ်း၊ အုပ်ချုပ်ရေးဝန်ထမ်း၊  စာသင်ကျောင်းတွေမီးရှို့တာ၊ ဗုံးခွဲတာမျိုးတွေနဲ့  သံဃာတော်တွေကို သတ်ဖြတ်တာမျိုးတွေတောင် မလုပ်ခဲ့ကြပါဘူး။ ဝန်ကြီးချုပ်ဟာ  မြန်မာနိုင်ငံမှာ အကြီးဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အကြီးအကဲပဲ။ ခြေဥအရလည်း ဒီ PDF တွေနဲ့ EAOs တွေကို "နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး"ဆိုတဲ့ခေါင်းစဉ်နဲ့ ချေမှုန်းလိုက်လို့ရတာပါပဲ။ EAOs တွေရဲ့ ဗဟိုဌာနချုပ်တွေကိုလည်း သိနေတာပဲ။  ဒါပေမယ့် နှစ်ပေါင်း(၇၀)ကျော်တိုက်နေတဲ့ စစ်ပွဲတွေဟာ ဒီလို တိုက်ရုံနဲ့မပြေလည်နိုင်ဘူးဆိုတဲ့ အယူအဆကို လက်သင့်ခံနေလို့ဖြစ်ပါတယ်။ ဒီလိုတုန့်ပြန်မှု လုပ်တာက အချင်းချင်း အမုန်းအာဃတ ပိုပွားစေနိုင်တာမို့ ရနိုင်သမျှ နိုင်ငံရေးလမ်းကြောင်းထဲကပဲ နစက က ဆွဲတင်နေခဲ့တာပါ။ ဒါကို PDF တွေကို  ပြန်ခေါ်နေတာမျိုးတို့၊ EAOs တွေကို ငြိမ်ချမ်းရေးလာဆွေးနွေးကြပါလို့  ဖိတ်ခေါ်နေတာကိုကြည့်ရင် သိသာနိုင်တာပါပဲ။  ဒါက ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ပြောပြတာပါ။  

စီးပွားရေးဖက်မှာလည်း သူ့မှာ မလှုပ်သာ မလူးသာရှိနေတဲ့ အနေအထားတစ်ခု။ နိုင်ငံ တည်ငြိမ်မှု မရှိလို့ ရင်းနှီးမြုပ်နှံမှုတွေ မလာဘူး။ နိုင်ငံရဲ့ အဓိက တင်သွင်းရတဲ့ စားအုန်းဆီ၊ စက်သုံးဆီနဲ့ အိမ်သုံးဆေးတွေက ဒေါ်လာနဲ့ဝယ်ရတယ်။(ဒါတောင် ကားတင်သွင်းခွင့်တွေကို ပိတ်ထားတာ)  ဒီကြားထဲ PDF တွေဆီ လှူဒါန်းတဲ့ငွေကြေးတွေက စီဆင်းနေလို့  ဘဏ်တွေက  ငွေထုတ်ခွင့်ကို အကန့်အသတ်နဲ့တားရသေးတယ်။   နိုင်ငံတော်အနေနဲ့ သီရိလင်္ကာနိုင်ငံလို မဖြစ်အောင် အရံဒေါ်လာရှိဖို့အတွက် လည်းနည်းမျိုးစုံနဲ့ လုပ်ယူရတယ်။ ဗဟိုဘဏ်က အမိန့်အမျိုးမျိုးထုတ်နေတာကိုကြည့်ရင် ဘယ်လောက်ထိ လုပ်ယူနေရတယ်ဆိုတာကို ကြည့်နိုင်တာပါပဲ။ (ဒီကြားထဲ ရရင့်ရသလို ရာခိုင်နှုန်းနဲ့ လုပ်စားပြီး သူဌေးဖြစ်သွားတဲ့  စီးပွားရေးလုပ်ငန်းသမားတွေလည်း ရှိနိုင်တာပေါ့)။ ဒီလိုအနေအထားမှာ လူမိုက်စကားနဲ့ပြောရင်တော့  "မင်းတို့ တာဝန်ယူထားတာပဲ။ တည်ငြိမ်အောင်လုပ်ပေါ့လို့"ပြောလို့ရနိုင်တာပေါ့။ အဲ့တော့ မေးစရာမေးခွန်းက မှိုင်းမိနေတဲ့ ဒီလူငယ်တွေကို ဖမ်းမိသမျှ စစ်တရားရုံးနဲ့ အမိန့်ချပြီး အကုန်သတ်ရမလားပေါ့။ အကြမ်းဖက်မှုတွေလည်းတကယ်လုပ်တယ်။ တပ်ရင်း (၁)ရင်းစာလက်နက်နဲ့အတူ ကိုယ်တိုင်ဝန်ခံထားတဲ့ ဇေယျာသော်တို့ကို ကြိုးမိန့်ပေးတာတောင် "နိုင်ငံရေးလှုပ်ရှားသူပါ"လို့ ခေါင်းစဉ်ပြောင်းပြီး တညီတညွှတ်တည်း ဖိအားဝိုင်းပေးနေတာကိုကြည့်ရင် လုပ်ရကိုင်ရ ဘယ်လောက်ခက်ခဲသလဲဆိုတာ မြင်သာပါတယ်။ 

လက်ရှိ  သူတာဝန်ယူနေတာက အစိမ်းတခုတည်းအတွက်မဟုတ်တော့ပါဘူး။ နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ဖြစ်ပါတယ်။ အနီအတွက်လည်း သူကြည့်ပေးရတော့မှာဖြစ်သလို အစိမ်းအတွက်လည်း သူတာဝန်ရှိပါတယ်။ လူဦးရေ ၅၅ သန်းနီးပါးရှိတဲ့ နိုင်ငံမှာ စစ်သားဦးရေ ၅ သိန်းမပြည့်တဲ့ တပ်မတော်က ရုံးဌာနတိုင်း၊ စာသင်ကျောင်းတိုင်း၊ အုပ်ချုပ်ရေးမှူးရုံးတိုင်းကို အကာအကွယ်မပေးနိုင်ပါဘူး။ ဒါ ရိုးရိုးရှင်းရှင်းလေးတွေးရမယ့် လော့ဂျစ်ပါ။ မနေ့ကဖြစ်တဲ့ လဝက ဖြစ်စဉ်ဆိုရင် တချို့က လုံခြုံရေးမပေးနိုင်လို့ အပြစ်တင်ကြပါတယ်။ ပြည်သူတွေမသိကြလို့ပါ။ ဒီအရေးအခင်းစကတည်းက ရှေ့တန်းမှာ ရှိနေတဲ့ တချို့သော တပ်မက စစ်သည်တွေဟာ လက်ရှိအချိန်ထိ အိမ်ပြန်ခွင့်မရကြသေးပါဘူး။ ဒါက အရေးအခင်းစကတည်းကလို့ဆိုပြီး  တွက်ပေးထားတာနော်။ ဒီရှေ့မတိုင်ခင်ကတည်းက ရှေ့တန်းရောက်နေတဲ့ စစ်သည်တွေဆိုရင် ဆိုဖွယ်မရှိတော့ဘူး။ (ဒါ‌တောင် ရဲဘော်ရဲဘက်စိတ်မရှိဘဲ  CDM လုပ်သွားတဲ့ သစ္စာဖောက်တွေ ရှိသေးတယ်)

လူမှုရေးဘက်မှာဆိုရင်လည်း ဒီနိုင်ငံမှာ ရှိတဲ့ လူငယ်တိုင်းနီးပါးမှာ လစ်ဗရယ်အတွေးအခေါ်တွေ  စီးဆင်းနေကြတာ တွေ့နိုင်တာပဲ။ ဘုန်းကြီးလည်း သင်္ကန်းဝတ်ထားရုံထက်မပိုဘူး ။ ဘာလို့ မဝေဖန်ရမှာလဲဆိုတဲ့ လူနဲ့တန်းညှိတဲ့ အတွေးအခေါ်မျိုးပေါ့။ ဒါ့ကြောင့်လည်း ဆရာဝန်ဘွဲ့ယူထားတဲ့ ဖြိုးသီဟတို့က ရွှေတိဂုံကို သွားမဖူးဖို့ဆိုတဲ့ တိုက်တွန်းချက်တွေကို မြင်တွေ့ရတာပဲမဟုတ်လား။ အရင်ခေတ်က  ဆရာဆိုရင် ချစ်ကြောက်ရိုသေပြီး ဘုရားနဲ့တဂိုဏ်းတည်းထား ရိုသေခဲ့ကြပေမယ့် ခုခေတ်လူငယ်တွေက အမြင်မတူရင်တောင် သေနတ်နဲ့ပစ်ပြီး သတ်နေခဲ့ကြပြီလေ။ ဆိုရှယ်လစ်ခေတ်မှာတောင် အမြင်မတူရင် ဘာမှမဖြစ်သေးဘူး။ ဒီမိုကရေစီခေတ်ကြမှ ကိုယ်နဲ့ မမြင်မတူတာနဲ့တင် မိသားစုဝင်ခြင်းလည်းသွေးကွဲရ၊ သူငယ်ချင်း အချင်းချင်းလည်း မခေါ်မပြောနိုင်ဖြစ်ရ။ ဒါတွေက ဒီခေတ်မှာမှ ကြုံနေရတဲ့ အနောက်ယိမ်းအတွေးအခေါ်တွေပဲ။ 

စစ်တပ် အာဏာသိမ်းခဲ့ရင်ဆိုတဲ့ အတွေးရှိတဲ့ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားမှာ  ၁ ဘီလီလျံကို တိတ်တိတ်လေး အပ်ထားခဲ့တယ်။ နိုင်ငံတော် အရန်ဆန်တွေကို ကြိုရောင်းခဲ့တယ်။ ကိုဗစ် အတွက်ချေးခဲ့တဲ့ မြောက်များစွာသော ငွေကြေးတွေကို ရွေးကောက်ပွဲအကြိုကာလမှာ ထောက်ပံ့ငွေဆိုပြီး  မျက်နှာလိုမျက်နှာရ ထုတ်ချေးခဲ့တယ်။ နစက တာဝန်ယူခဲ့လိုက်ရတဲ့ ကိုဗစ် ဒုတိယလှိုင်းမှာ ဧရာဝတီကလှူထားတဲ့ အောက်စီဂျင်စက်တွေလည်း ဖွက်ထားတာခံရသလို ကျန်းမာရေးဝန်ထမ်း ၃ ပုံ ၁ ပုံလောက်နဲ့ ဒီအခက်အခဲကြီးကို ကြိုးစားပြီးဖြတ်သန်းခဲ့ရတာ မျက်မြင်ပဲမဟုတ်လား။   မဲကိစ္စကြောင့်အတွက်သာ စစ်တပ်က တာဝန်ယူခဲ့လိုက်ရတယ်။ တိုင်းပြည်ဟာ အခွံသပ်သပ်ကြီး ကျန်ခဲ့တယ်ဆိုတာ ကျနော်တို့ သတိပြုမိဖို့ကောင်းတယ်။ 

ဆိုတော့ ဘယ်သူမဆို ကိုယ်တာဝန်ယူတဲ့ အချိန်မှာ အရင်လူထက်ပိုကောင်းတယ်ဆိုတဲ့ မှတ်ချက်မျိုးကို အလိုရှိတတ်ကြတာပါပဲ။ ကျနော်တို့ ပြောကြဆိုကြ ရေးကြတဲ့ အထဲမှာ အပြုသဘောဆောင်တဲ့ စာတွေက အများအတွက် ပိုပြီး အကျိုးရှိစေနိုင်ပါတယ်။ ကိုမျိုးဝင်းလည်း နိုင်ငံတော် ပုန်ကန်တာမဟုတ်လို့ အမြန်ပြန်လွတ်နိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။ 

#ဖိုးစီ
.
13.8.2022
Min Htet

2 Comments

  1. ငါလိုးမသား မင်းအောင်လှိုင် အအြန်ကျရှုံးပါစေ။ အနီတွေ ဒီလောက် ဆဲဆို၊ လူသတ်အားပေးထောက်ခံ လုပ်နေတာကြတော့ ဘာမှ မလုပ်နိုင်၊ PDF တွေ ပြန်ခေါ်၊ လွှတ်ငြိမ်းပေး၊၊ ကိုယ့်လူက နည်းနည်းလေးဝေဖန်မိရင် ချက်ချင်း ဖမ်းဆီးထောင်ချ။ မျိုးဝင်းရဲ့စာ အကုန်ဖတ်တယ်။ ဘာ အမှားအယွန်းပါလို့လဲ။ မင်းအောင်လှိုင် ဘာစောက်သုံးကျလို့လဲ။ မအလ စောက်သုံးမကျ တိုင်းပြည်ပျက်နေပြီ။ ငါလိုးမသား သူတောင်းစား မင်းအောင်လှိုင်

    ReplyDelete
  2. ငါလိုးမသား မင်းအောင်လှိုင် အမြန်ကျရှုံးပါစေ။ အနီတွေ ဒီလောက် ဆဲဆို၊ လူသတ်အားပေးထောက်ခံ လုပ်နေတာကြတော့ ဘာမှ မလုပ်နိုင်၊ PDF တွေ ပြန်ခေါ်၊ လွှတ်ငြိမ်းပေး၊၊ ကိုယ့်လူက နည်းနည်းလေးဝေဖန်မိရင် ချက်ချင်း ဖမ်းဆီးထောင်ချ။ မျိုးဝင်းရဲ့စာ အကုန်ဖတ်တယ်။ ဘာ အမှားအယွန်းပါလို့လဲ။ မင်းအောင်လှိုင် ဘာစောက်သုံးကျလို့လဲ။ မအလ စောက်သုံးမကျ တိုင်းပြည်ပျက်နေပြီ။ ငါလိုးမသား သူတောင်းစား မင်းအောင်လှိုင်

    ReplyDelete

Post a Comment

Previous Post Next Post