NUG/CRPH နဲ့ PDF တိုရဲ့ လားရာက ရှေ့ဘာဆက်ဖြစ်မလဲ?

NUG/CRPH နဲ့ PDF တိုရဲ့ လားရာက ရှေ့ဘာဆက်ဖြစ်မလဲ?

■ တနေ့က ရုံးချိန်းမှာ ရှေ့နေက ဒေါ်အောင်ဆန်းစုကြည်ကို  NUG /CRPH /PDF တိုနဲ့ ပတ်သက်ပြီး အပြင်မှာ ဖွဲစည်းထားတာကို သိသလားလို   မေးခဲ့ချိန်မှာ

"NUGနဲ့ CRPH ဆိုတာ ဘာတွေလဲ၊ PDF ဆိုတာကရော ဘယ်သူတွေလဲ" ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းပြန်ထုတ်ခဲ့တယ်။ 


■ ဆိုလိုတာက ဒီအဖွဲအစည်းတွေကို ဖွဲစည်းတာကို သူမ အနေနဲ့ မသိဘူးပေါ့။ မသိဘူးလို ငြင်းတာက တကယ်တော့ အကြောင်းမဟုတ်ပါဘူး။ ဇေယျာသော်ကြိုးပေးသတ်ခံရတာတောင်  ချက်ခြင်းသိတဲ့သူက ဒီကိစ္စမှာ လုံးဝမသိတာတော့  မဖြစ်နိုင်ဘူး။ သေချာတာက သူမ အနေနဲ့ သိတယ်လို  ဖြေလိုက်တာနဲ့  မေးခွန်းတွေက  တောက်လျှောက်လာတော့မှာ။ သဘောက NUGနဲ့ CRPH မှာက NLD ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ ဖွဲစည်းထားတာကိုး။ အာဏာထိန်းပြီး နောက်တရက်မှာ ဦးဝင်းထိန် ကိုယ်တိုင် ဒီစာရွက်က အစစ်ပါလို လက်မှတ်ထိုးပြီး အကြမ်းဖက်မှုနဲ့  တုန့်ပြန်ဖို ကြေငြာချက်ကလည်း  ရှိနေတဲ့အခါ ဒီအဖွဲအစည်းတွေကိုသာ သိတယ်လိုဖြေလိုက်တာနဲ့ ဒီအဖွဲအစည်းတွေလုပ်နေတဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေ အားလုံးကို ပါတီခေါင်းဆောင်ဖြစ်တဲ့သူက တာဝန်ခံရတော့မှာ။ NLD ပါတီကလည်း အကြမ်းဖက်မှုနဲ့အကျုံးဝင်သွားတော့မှာ။ ခုချိန်တော့ နစက ကို တော်လှန်နေတာက ပါတီဝင်တိုင်းမဟုတ်ဘူး။ ပါတီဝင်တချိုကသာ ပုန်ကန်တော်လှန်တာဆိုတဲ့ အမြင်မျိုးလည်း ရှိနေသေးတာကိုး။ 


■ ဒီအကွက်ကို ကြိုမြင်တဲ့ CRPH ရဲ့ ယာယီ သမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို  ဒီနွေဦးတော်လှန်ရေးရဲ့ ခေါင်းဆောင်ပါလို ကြေငြာချက်ထုတ်ပြန်ပြီး ကြိုကာထားလိုက်တယ်။ တခုခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းတည်ထားလိုက်လို ရတာကိုး။ ပန်ဆယ်လိုနဲ့ မင်းမော်ကွန်းတို အလှူခံစားနေတဲ့ ထီးနဲ့ ထမိန်ဟာ  ဘယ်လိုလုပ်ပြီး အမေရိကားနဲ့မယ်ဘုန်းကို ရောက်သွားတာလဲလို   အပြင်ထွက်ပြီး  ကြည့်လို မရတဲ့သူကို ရုန်းဖိုခက်တဲ့ ကြိုးနဲ့ ချည်ထားလိုက်တဲ့သဘောပါပဲ။ 

■ မြွေမြွေခြင်း ခြေမြင်သလိုပေါ့။ ဒါကို သိတဲ့ ဒေါ်အောင်ဆန်းစုကြည်က မြေပြင်မှာ ကျောင်းတွေမီးရှိ၊ မိုင်းတွေခွဲ ၊ လူတွေသတ်နေတဲ့ CRPH/NUGနဲ့ PDF တိုကိုသာ သိတယ်လိုဖြေလိုက်ရင် နောက်ထပ်တမှုပါ တိုးသွားဦးမှာကိုး။ ဒီတော့ သူရဲ့တုန့်ပြန်ပုံက ရိုးရိုးရှင်းရှင်းလေးရယ်။ 

"ဒါတွေ အပြင်မှာ ဖြစ်နေတာလား။ သူတိုကို မသိဘူး"ဆိုတဲ့ စကားလုံးနဲ့ပဲ တုန့်ပြန်ခဲ့တာတွေ့ရတယ်။ 

■   NUG/CRPH နဲ့ PDF က NLD ပါတီခေါင်းဆောင်ကိုယ်တိုင်က မသိဘူး၊  မရှိဘူးလို ယတိပြတ် ငြင်းဆိုထားတော့  ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ နိုင်ငံရေးဆိုတာ အမြဲတမ်း ပြောင်းလွယ်ပြင်လွယ်နဲ့ အပေးအယူတွေဆိုတာ ရှိနေတာပဲမဟုတ်လား။

Post a Comment

Previous Post Next Post