တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတရုတ်သို့ပထမဆုံးအကြိမ်သွားမည်

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတရုတ်သို့ပထမဆုံးအကြိမ်သွားမည်

ဆိုးလ်၊ ဩဂုတ် ၈ ရက်

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဂျင်သည် ၎င်း၏ ပထမဆုံး တရုတ်ခရီးစဉ်အဖြစ် ဩဂုတ်လ ၈ ရက် တနင်္လာနေ့တွင် တရုတ်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားခဲ့သည်။

အဆိုပါ ခရီးစဉ်၏ရည်ရွယ်ချက်မှာ တောင်ကိုရီးယား သမ္မတ ယွန်းဆော့ယို၏ အစိုးရသည် အမေရိကနှင့် ခိုင်မာသော ဆက်ဆံရေးရှိနေသော်လည်း တရုတ်နှင့် ၎င်းတို့နိုင်ငံကြားရှိ ဆက်ဆံရေး ခိုင်မာလျက်ရှိကြောင်းကို ပြသရန်အတွက် ဖြစ်သည်။ 

ပတ်သည် အရှေ့ဘက်ဆိပ်ကမ်းမြို့ ချင်းဒေါင်တွင် သုံးရက်ကြာနေထိုင်ရန် စီစဉ်ထားပြီး ယင်းကာလအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ဆိုးလ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပတ်သည် မေလတွင် ယွန်းဆော့ယို သမ္မတဖြစ်လာပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံးသွားရောက်သည့်အဆင့်မြင့် အရာရှိတစ်ဦးဖြစ်သည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ၏ ထိုင်ဝမ် ခရီးစဉ်ကြောင့် ပေကျင်းအစိုးရက အမျက်ထွက်ကာ ပြန်လည်တုံ့ပြန်ခဲ့ပြီးနောက်ပိုင်း ၎င်းခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

တောင်ကိုရီးယားသည် ၎င်း၏ထိပ်တန်းကုန်သွယ်ရေးမိတ်ဖက် တရုတ်နှင့် မဟာမိတ် အမေရိကတို့အကြား ပြိုင်ဆိုင်မှုများ ပြင်းထန်လာနေချိန် နှစ်နိုင်ငံစလုံးနှင့် ဆက်ဆံရေး အဆင်ပြေချောမွေ့အောင် ကြိုးစားနေသည့်အတွက် ပတ်၏ အဆိုပါခရီးစဉ်သည် အလွန်ပင် အလျော်အစားကြီးသည့် ခရီးစဉ် ဖြစ်လာသည်။

ပတ်က ၎င်း၏ ခရီးစဉ်သည် နအထင်အမြင်လွဲမှားမှုများကို လျှော့ချရန်နှင့် ကုန်သွယ်မှု၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အခွင့်အလမ်းတစ်ခုဖြစ်သည်ဟု ဆိုသည်။

Source: ရိုက်တာ

Post a Comment

Previous Post Next Post