မြန်မာမပါတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံမှာ သြဂုတ်လ (၃) ရက်နေ့က စတင်ကျင်းပနေ

မြန်မာမပါတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံမှာ သြဂုတ်လ (၃) ရက်နေ့က စတင်ကျင်းပနေပါတယ်။

အဖွင့်မိန့်ခွန်းမှာအာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံ မှာသေဒဏ်စီရင်မှုတွေကြောင့် မြန်မာ့အရေးဖြေရှင်းရာမှာသဘောတူညီထားတဲ့ အာဆီယံဘုံသဘောတူညီချက်(၅)ရပ်ကို အာဆီယံဘက်ကပြန်လည် စဥ်းစားသုံးသပ်လာနိုင်ခြေရှိတယ်လို့ ပြောကြားသွားပါတယ်။

အာဆီယံအဖွဲ့ ဝင်နိုင်ငံများရဲ့ အခြေခံစည်းမျဥ်း( ၆)ရပ်မှာ "တစ်နိုင်ငံ၏ပြည်တွင်းရေးကိုအခြားနိုင်ငံများမှ ဝင်ရောက် စွက်ဖက်ခြင်းမပြုလုပ်ရ"ဆိုတဲ့အချက်ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဖြစ်စဥ်များဟာ ပြည်တွင်းရေးကိစ္စများ သာ​ဖြစ်ပြီး သေဒဏ်စီရင်မှု ဆိုတာဟာလည်း နိုင်ငံမှာရှိနေတဲ့ တည်ဆဲဥပဒေများနဲ့အညီစီရင်တာဖြစ်လို့ နိုင်ငံရဲ့တရားစီရင်ရေး အချုပ်အခြာအာဏာ ကို ဝင်ရောက်စွက်ဖက်နေတာလည်း ​ဖြစ်
ပါတယ်။

အာဆီယံအလှည့်ကျဥက္ကဌဟာ လူသားချင်းစာနာမှုအရ သေဒဏ်စီရင်မှုကို မပြုလုပ်ဖို့ မေတ္တာရပ်ခံ ခွင့်ရှိပေမယ့် "ငါ ပြောတဲ့အတိုင်းမလုပ်လို့ အရေးယူဆောင်ရွက်မှုလုပ်မယ်"ဆိုတဲ့ သဘော ပြောဆိုမှုကတော့ အချုပ်အခြာအာဏာကို ထိပါးစော်ကားတာ ဖြစ်တဲ့အတွက် လက်ခံလိုက်နာလို့မရတဲ့ ကိစ္စဖြစ်ပါတယ်။

အဖွဲ့အစည်းတစ်ခုလိုက်နာဖို့ သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းကို မလိုက်နာဘဲ ဖောက်ဖျက်လုပ်ဆောင်တဲ့အဖွဲ့ ဟာ ဂုဏ်သိက္ခာမရှိတဲ့ အဖွဲ့ဖြစ်လို့ အာဆီယံဟာ ရှက်စရာအဖွဲ့ကြီးဖြစ်လာနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာအာဆီယံသြဇာခံ နိုင်ငံတစ်ခုမဟုတ်တဲ့အတွက် ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်း၊အချုပ် အခြာအာဏာထိပါးစော်ကားခြင်း၊အပြုသဘော အကြံပြုတာ မဟုတ်ဘဲ အမိန့်ပေးညွှန်ကြားသလို ခြိမ်းခြောက်သလို ပြုမူမှုတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တုံ့ပြန်ဖို့လိုအပ်နေပြီး ဆက်လက် လုပ်ဆောင်လာရင်ဂုဏ်သိက္ခါမရှိတဲ့ အာဆီယံအဖွဲ့က ထွက်သည်အထိ တုံ့ပြန်ဖို့လိုအပ်လာရင် တန်ပြန်တုံ့ပြန်ရင်ဆိုင်သွား ဖို့လိုအပ်ပါတယ်။

#SitNyein

Post a Comment

Previous Post Next Post