ပြည်သူတွေကို သတင်းအဆိပ်ခပ်ကျင့်ဝတ်ပျက်တဲ့မီဒီယာအမည်ခံ လေလှိုင်းပေါ်က လူသတ်သမားများနှင့် ပတ်သတ်၍ ဇူလိုင်လအတွင်းတွေ့ရှိချက်များ

ဒီတစ်ပတ်မှာတော့ ပြည်တွင်း/ပြည်ပ မီဒီယာ(၉)ခုဖြစ်တဲ့ DVB ၊ Khit Thit ၊ Mizzi
ma နှင့် Ayeyarwaddy Times Page အပါ
အဝင် အခြားမီဒီယာများ၏ ဇူလိုင်လ ၁-၇
-၂၀၂၂ ရက်နေ့မှ ၃၁-၇-၂၀၂၂ရက်နေ့ထိ လုပ်ကြံသတင်းအတု/သတင်းအမှား/ သ
တင်းအမှန်တွေကို စုစည်းတင်ပြလိုက်ပါ
တယ်။ ဒီသတင်းစစ်တမ်းနဲ့ပတ်သက်ပြီး ယခင်လတွေကလည်း အသေးစိတ်ရှင်း
လင်းပြသပြီးဖြစ်လို့ ယခုလမှာတော့ ထပ်မံပြီး အသေးစိတ်ရှင်းလင်းမပြသတော့ပါဘူး
--------------------------------------------------------------------------
ယနေ့ ဖြစ်ပေါ်နေတဲ့ တိုင်းပြည်၏လတ်တ
လောအခြေအနေများဟာ Facebook ကဲ့
သို့ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် လုပ်ကြံသတင်းအတုများ၊ သတင်းမှားများဖြန့်ဝေပြီး ပြည်သူလူထုအကြား မတည်မငြိမ်ဖြစ်စေရန်နှင့် စိုးရိမ်စိတ်များဖြစ်ပေါ်
လာစေရန် ဆောင်ရွက်နေတာတွေ့နေရပါတယ်။ ဒီလို သတင်းအမှား၊ သတင်းအတုတွေဆိုတာကလည်း ယခုမှမဟုတ်ဘဲ ယခင်ကတည်းက ရှိလာခဲ့တာဖြစ်ပါတယ်။
--------------------------------------------------------------------------

ဥပမာ- ပုံ ၁ ကိုကြည့်ပါ
 
# စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ် နှစ်စီး ချောင်းဦး မြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခိုက်ခံရပြီးနောက် မြင်းမူမြို့နယ်ထဲသို့ ရောက်ရှိလာ သော်လည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရပြန်
သည်။မိုင်းဆွဲမှုကြောင့် ဂျန်မာပျက်စီးသွား ပြီးနောက် အင်အား ၄၀ ဝန်းကျင်ပါသည့် စစ်ကောင်စီကားကို ဒုတိယပွိုင့်၌ မြောင် T.G.R ထုတ် အညာထန်းသီး (ခေါ်) အဆင့်မြင့်လက်လုပ်မိုင်း ငါးလုံးဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ ခန့်သေဆုံးကြောင်း Mizzima - News in Burmese မှာ ၄-၈-၂၀၂၂ ရက်နေ့မှာ သတင်းတင်ခဲ့
ပါတယ်။
# စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်နှစ်စီးဟာ ချောင်းဦးမြို့နယ်နှင့် မြင်းမူမြို့နယ်အတွင်းမှာ မိုင်းများအကြိမ်ကြိမ်ဆွဲတိုက်ခိုက်ခံရတယ်ဆိုတာ လုပ်ကြံဖန်တီးပြီးတင်ထားသော သ
တင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဖြစ်စဉ်အမှန်ကိုပြောရမယ်ဆိုရင် အဆိုပါမြို့နယ်အတွင်းရှိ ပြည်သူတွေသွားလာနေတဲ့ လမ်း
ကြောင်းတွေပေါ်မှာ PDF တွေဟာ အသိ
ဉာဏ်ကင်းပြီး ကျင့်ဝတ်မဲ့စွာ မိုင်းများကို ထောင်ထားသည့်အတွက် စစ်ကောင်စီအဖွဲ့များမှ မိုင်းများဖော်ထုတ်ရှင်းလင်းပေးခဲ့ခြင်းသာဖြစ်ပါတယ်။  အဆိုပါမိုင်းရှင်းတဲ့ဖြစ်စဉ်မှာဆိုရင် PDF များထောင်ထားတဲ့ မိုင်းစုစုပေါင်း(၂၂) လုံး ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ကြောင်းသိရပြီး စစ်ကောင်စီအဖွဲ့များ တိုက်ခိုက်ခံရသည့်ဖြစ်စဉ်မရှိသလို ထိခိုက်
ကျဆုံးမှုလည်း တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါဘူး။

--------------------------------------------------------------------------
ဥပမာ- ပုံ ၂ ကိုကြည့်ပါ
 
နောက်ဖြစ်စဉ်တစ်ခုကတော့
#စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးကားလမ်းတလျှောက် ၃၇ စီးပါ စစ်ယာဉ်တန်းဖြတ်
သန်းရန်အတွက် ကင်းပုန်းများချထားစဉ် ချောင်းဦး PDF က နေရာ ၅ ခုတွင် မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂၀ ထက်မနည်းသေဆုံးကြောင်း Khit Thit Page က တင်ထားတာကိုတွေ့ရပါတယ်။
#ဖြစ်စဉ်အမှန်က စစ်ကိုင်းတိုင်း မုံရွာ- မန္တ
လေးကားလမ်းတစ်လျောက်တွင် ကင်းပုန်း ချထားသည့် စစ်ကောင်စီတပ်သားများကို PDF များမှ မိုင်းဆွဲတိုက်ခိုက်သည့်အတွက် စစ်ကောင်စီ တပ်သား(၂၀)ဦးထက်မနည်း သေဆုံးခဲ့တယ်ဆိုတာ သတင်းအမှားတစ်ခုသာဖြစ်ပြီး  မည်သည့်တိုက်ပွဲဖြစ်စဉ်မှမရှိဘဲ လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။ 
ဒီဖြစ်စဉ်တွေနဲ့ပက်သက်ပြီးပြောရမယ်ဆိုရင် ယခုလိုသတင်းအမှားတွေကို Media အမည်ခံ Facebook Page တွေက မှားမှန်းသိလျက်နဲ့ ပြည်သူတွေကြား တမင်ပျံနှံ့အောင်ဆောင်ရွက်ခြင်းပင်ဖြစ်ပါတယ်။ 

ယခုလိုဆောင်ရွက်ခြင်းအားဖြင့် ပြည်သူတွေရဲ့ အတွေးအခေါ်အယူအဆတွေကိုလွှမ်းမိုးပြီး  ကြောင်းကျိုးဆီလျော် စဉ်းစားနိုင်စွမ်းအားနည်းအောင်ပြုလုပ်ကာ ၎င်းတို့ဖောက်ထားသည့်လမ်းအတွင်းသို့ လိုသလို ဆွဲခေါ်သွားခြင်းပင်ဖြစ်ပါတယ်။
--------------------------------------------------------------------------

ဒါကြောင့် ဒီလိုငွေမျက်နှာတစ်ခုတည်းကြည့်ပြီး လုပ်ကြံသတင်းအတု၊ သတင်းအမှားများကို စိစစ်မှုမရှိဘဲ သတင်းအဆင့်
အတန်းမရှိစွာနဲ့ ထပ်ခါတလဲလဲ ရေးသားဖော်ပြနေတဲ့ မီဒီယာအမည်ခံ သတင်းဌာနများကို ပြည်ဖျက်မီဒီယာများ၊ ကျင့်ဝတ်သိ
က္ခာမရှိသော ဝါဒမှိုင်းတိုက်သည့် မီဒီယာ သတင်းရောင်းစားသူများအဖြစ် သတ်မှတ်ရခြင်းဖြစ်ပါတယ်။ သူတို့ရဲ့အဓိကရည်ရွယ်
ချက်က သူတို့ရဲ့သတင်းအမှားတွေကို ပြည်သူတွေယုံကြည်ပြီး အချင်းချင်းစည်းလုံးညီညွတ်မှုပြိုကွဲကာ ပြည်သူနှင့် တပ်မတော်ကြား သွေးကွဲအောင်၊ အမြင်မကြည်အောင် လုပ်ဆောင်နေခြင်းဖြစ်တဲ့အတွက် သတင်းဖတ်တဲ့ပြည်သူတွေအနေဖြင့် ပြည်ဖျက်မီဒီယာများရဲ့ သတင်းအမှားတွေကို မယုံကြည်ဖို့နဲ့ Social Media ပေါ်ရှိ သတင်းတွေကို ချင့်ချိန်ပြီးယုံကြပါလို့ စေတနာရှေ့ထားပြောကြားချင်ပါတယ်။

crd***original post
#JBT

Post a Comment

Previous Post Next Post