ပစ်ခတ်သတ်ဖြတ်မှုတွေ ဆက်တိုက်ဆိုသလိုဖြစ်နေတဲ့ ရေးမြို့ကို တင်းကြပ်တဲ့ ဒေသန္တရအမိန့်ထုတ်ပြန်ထား

မကြာသေးခင်ကမှ လဝကမှူးတွေကို ပစ်
ခတ်သတ်ဖြတ်ခံရပြီး ပစ်ခတ်သတ်ဖြတ်မှု
တွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတဲ့ ရေးမြို့ကို တင်းကြပ်တဲ့ ဒေသန္တရအမိန့်ထုတ်ပြန်ပြီး ထိန်းသိမ်းနေတယ်လို့ သိရပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းမှာနေထိုင်တဲ့ ပြည်သူတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်း တည်ငြိမ်းရေးတို့အတွက် ရေးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ မစက-ရေး က ဒေသန္တရအမိန့်ထုတ်ပြန်ထားတာပါ။

ထုတ်ပြန်ချက်ဟာ ရေးမြို့အတွင်း အကြမ်း
ဖက်သမားတွေဟာ ပြည်သူတွေနဲ့ ရောနှောနေတာကို ကွဲကွဲပြားပြားသိရှိစေဖို့ ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

ထုတ်ပြန်ထားတဲ့ အဲဒီဒေသန္တရအမိန့်အရ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ဒါမှမဟုတ် နိုင်ငံသား စိစစ်ရေးကတ်
ပြားမပါဘဲ နယ်မြေကျော် ခရီးသွားလာတာ မပြုလုပ်ဖို့ နဲ့ ရေးမြို့တွင်း မည်သည့် ယာဉ်နဲ့ လူတွေမဆို ည ၈ နာရီကနေ နံနက် ၄ နာရီအတွင်း ဖြတ်သန်းသွားလာတာ လုံးဝမပြု
လုပ်ဖို့ တားမြစ်ထားပါတယ်။

မြို့တွင်းဖြတ်သန်းသွားလာရာမှာလည်း တားမြစ်ထားတဲ့ လမ်းတွေကို ခွင့်ပြုထားတဲ့ ယာဉ်နဲ့ လူကလွဲရင် အခြားမည်သည့် ယာဉ်နဲ့ လူတွေဖြတ်သန်းသွားလာခြင်း လုံးဝမပြု
လုပ်ကြဖို့ကိုလည်း အမိန့်ထုတ်ပြန်စာမှာ ပါ
ရှိပါတယ်။

ဆိုင်ကယ် စီးနင်းရာမှာလည်း မော်တော်ဆိုင်
ကယ်တစ်စီးမှာ အမျိုးသားနှစ်ဦး မစီးရ၊ အ
မျိုးသမီးမောင်းတဲ့ ဆိုင်ကယ် အမျိုးသာလိုက်ပါ မစီးရ၊ အမျိုးသားနောက်မှာအမျိုး
သမီးလိုက်ပါစီးနင်းနိုင်ပြီး အမျိုးသမီးနှစ်
ဦး စီးနင်းနိုင်တယ်လို့ ဆိုပါတယ်။

ရေးမြို့အတွင်း လုံခြုံရေးဆောင်ရွက်နေစဉ် ယာဉ်တွေ မော်တော်ဆိုင်ကယ်တွေ အရှိန်ပြင်းစွာ မောင်းနှင်တာ၊ စစ်ဆေးရေးအဖွဲ့ကနေ ရပ်တန့်စစ်ဆေးတာကို လက်မခံဘဲ မောင်းနှင်ထွက်ပြေးတာတွေ မပြုလုပ်ရ
ဘူးလို့လည်း တားမြစ်ထားပါသေးတယ်။

ရေးတံတားကြီးနဲ့ ချောင်းတောင်တံတားပေါ်မှာ ယာဉ်တွေဖြတ်သန်းသွားလာစဉ် ယာဉ်
မောင်းကလွဲပြီး ယာဉ်ပေါ်လိုက်ပါလာသူ အားလုံး လမ်းဆင်းလျှောက်ရမှာဖြစ်ပြီး မည်သည့် တံတားပေါ်မှာမဆို အကြောင်း
မဲ့ ယာဉ်ရပ်နားတာ မပြုလုပ်ရဘူးလို့လည်း အမိန့်ထုတ်ထားပါတယ်။

ဒါ့အပြင် ရေးမြို့နယ်အတွင်း ကူးတို့ရေ
ယာဉ်တွေ စက်တပ်ရေယာဉ်တွေနဲ့ ပင်လယ်ပြင်ထွက် ရေယာဉ်အားလုံးဟာ သက်ဆိုင်
ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှာ လိုက်ပါမယ့်သူ အမည်စာရင်းတင်ပြပြီး ထွက်ခွာခွင့် အထောက်အထားယူရမှာ ဖြစ်ပါတယ်။

ပြန်လည်ရောက်ရှိလာရင်လည်း ရောက်ရှိကြောင်း သတင်းပေးပို့တင်ပြရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ ကန့်သတ်ချိန်ကလွဲပြီး ကျန်အချိန်တွေမှာ ကူးသန်းသွားလာခြင်း မပြုရပါဘူး။

ဒေသန္တရအမိန့်ကို လိုက်နာမှုရှိမရှိကို သြဂုတ် ၆ ရက်နေ့ကနေ ၁၂ ရက်နေ့အထိပညာ
ပေးကာလအဖြစ် သတ်မှတ်စစ်ဆေးသွားမှာဖြစ်ပြီး ပညာပေးကာလ ကုန်ဆုံးရင်တော့ တားမြစ်ချက်တွေကို ဖောက်ဖျက် ကျူးလွန်ရင် တည်ဆဲဥပဒေ ဒါမှမဟုတ် ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အရေးယူသွားမယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ်။ 

crd***original post
#JBT

Post a Comment

Previous Post Next Post