အတဲ့သူ​တွေ ​သေကြတဲ့ပွဲ

ဆွ သူမသေ             
အ သူသေ၏

ခိုင်း သူမသေ             
ထိုင်း သူသေ၏

မြှောက် သူမသေ        
မြောက် သူသေ၏

ပုံပြောသူမသေ          
 ယုံသောသူသေ၏
ရွူးတိုက်သူမသေ     
ရူးမိုက်သူသေ၏

သွေးထိုးသူမသေ         
ပြေးထိုးသူသေ၏

ကုန်းတိုက်သူမသေ         
 ဝုန်းလိုက်သူသေ၏

လေပုတ်သူမသေ          
ခြေထုတ်သူသေ၏

ဒေါ်လာပိုက်သူမသေ   
ခေါ်ရာလိုက်သူသေ၏

ကြောင်ဖားတွေမသေ    
  ယောင်မှားတွေသေ၏

အသိနဲ့သတိရှိ၍ မြန်မာပြည်ကြီးအေးချမ်းပါစေ ။

အရှင်သုဇန

Post a Comment

Previous Post Next Post