အာဆီယံကအရေးယူလို့ရသလား


အာဆီယံကမြန်မာကိုအရှက်ကွဲအောင်အမျိုးမျိုး 
ဖိအားပေးနေပေမယ့် ရှက်စရာကောင်းနေတာက 
အာဆီယံဖြစ်ပါတယ်။

အဖွဲ့အစည်းတစ်ခုကသတ်မှတ်ထားတဲ့အခြေခံ 
စည်းမျဥ်းစည်းကမ်း တွေကို မလိုက်နာဘဲ ချိုးဖောက်လုပ်ဆောင်ခြင်းဟာအဲ့ဒီအဖွဲ့ရဲ့ အဆင့်အတန်းနိမ့်ကျမှု၊ဂုဏ်သိက္ခာကင်းမဲ့မှုသာဖြစ်ပါ
တယ်။

မြန်မာကို ဖိအားပေးရာမှာ အစွာဆုံး ဖြစ်နေတဲ့ 
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက နောက်တစ်
နှစ်လောက်အကြာမှလုပ်မယ့် မြန်မာပြည်ရွေး
ကောက်ပွဲကို အခုကတည်းကတရားမျှတမှုမရှိ
လို့ အသိအမှတ်မပြုဘူးပြောနေပါတယ်။

ရွေးကောက်ပွဲဖြစ်ပြီးရွေးကောက်ခံအစိုးရတစ်
ရပ်တက်လာမှာ မလိုလားတဲ့ OIC မလေးရှားရဲ့ 
သဘောထားအမှန်တွေကိုသိနိုင်ပါတယ်။

ပြည်တွင်းရေးဝင်မစွက်ဖက်ရ ဆိုတဲ့အာဆီယံအခြေခံစည်းမျဥ်းစည်းကမ်းကိုပယ်ဖျက်သင့်
ပြီလို့ လည်းသူကဆိုပါတယ်။

တည်ဆဲ စည်းမျဥ်းစည်းကမ်းကို မလိုက်နာချင်
ရင်ပယ်ဖျက်ပြီးမှသာမလိုက်နာလို့ရမှာဖြစ်တယ်
ဆိုတာသိနေတဲ့အတွက်ပြည်တွင်းရေးဝင်ရောက်
စွက်ဖက်မှုကို တရားဝင်လုပ်နိုင်အောင်ကြိုးစား
ခြင်းဖြစ်ပါတယ်။ 

အာဆီယံ စည်းကမ်းအရ ဆုံးဖြတ်ချက် တစ်ခု
ချချင်ရင် အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူမှချ 
လို့ရတာဖြစ်တဲ့အတွက် 

ဒီစည်းမျဥ်းစည်းကမ်းကိုပယ်ဖျက်ချင်ရင်မြန်မာ
အပါအဝင် အဖွဲ့ဝင်နိုင်ငံအားလုံးကသဘောတူဖို့
လိုပါတယ်။

အာဆီယံအဖွဲ့ ပဋိဥာဥ်စည်းမျည်းစည်းကမ်းတွေ
ကိုအာဆီယံအဖွဲ့ကစတင်ချိုးဖောက်ပြီးနိုင်ငံရေးဖိအားတွေ ပေးလာတာဖြစ်တဲ့အတွက် 

မြန်မာနိုင်ငံကသာ အာဆီယံအဖွဲ့ကိုပြန်အရေးယူ
တုံ့ပြန်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

"ရွေးကောက်ခံအစိုးရတစ်ရပ်မဟုတ်ဘဲ လိုအပ်
ချက်အရ အရေးပေါ်ကာလ ခေတ္တခန ပေါ်ပေါက်
လာတဲ့အစိုးရတစ်ရပ်ဖြစ်တဲ့အတွက် ပြည်တွင်း
ရေးကိစ္စများ ကိုသာ ဖိဖိစီးစီးလုပ်ဆောင်နိုင်ရန် 
အာဆီယံအဖွဲ့ နှင့် ဆက်သွယ် ဆောင်ရွက်မှုများ
ကို ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ပြီး ရွေးကောက်ခံအစိုးရတက်လာပြီးမှသာအာဆီယံအဖွဲ့နှင့်ဆက်သွယ်ဆောင်ရွက်မှုများပြန်လည်လုပ်ကိုင်ပါမည်" 
လို့တုံ့ပြန်ပြီး....အာဆီယံကိုပြန်အရေးယူဆောင်
ရွက်လို့ရပါတယ်။

အာဆီယံကမြန်မာကိုထုတ်ပယ်လည်းဘာမှလွမ်း
လောက်စရာ မရှိဘဲ မြန်မာမပါတဲ့ အာဆီယံသာ 
အင်္ဂါရပ်မပြည့်စုံတဲ့အဖွဲ့အစည်းဖြစ်နေမှာဖြစ်လို့ ဘယ်လိုမှ အမြင်ကြည်လင်အောင် လုပ်မရရင်
တော့ အာဆီယံကိုပြန်အရေးယူဖို့နည်းလမ်းတွေ
စဥ်းစားသင့်ပါတယ်။

မြန်မာကအာဆီယံကို လိုအပ်တာထက် အာဆီယံ
က မြန်မာကို ပိုလိုအပ်တာဖြစ်တဲ့အတွက် မြန်မာ
ဟာအာဆီယံကိုအတင်းတွယ်ကပ်နေစရာမလိုဘဲ
အာဆီယံနဲ့ ကင်းကင်း နေလို့ရပါတယ်။

#ThaungLwinHein

Post a Comment

Previous Post Next Post