ငြိမ်းချမ်းရေးမဝေးတော့ပြီ....

 ရှမ်းပြည်က SSPP နဲ့ တပ်ချုပ်ကြီးတို့ တွေ့တယ်။


ထင်မထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်မှု ဖြစ်စဉ်ပါပဲ။ တပ်ချုပ်ကြီး ပြောဖူးသလို။ ငြိမ်းချမ်းရေးအတွက် စကားတွေ အောက်
ခြေမှာ အများကြီး ပြောရတယ်။ အကြိမ်ပေါင်း ထောင်၊ သောင်းချီတွေ့ရတယ်။ နှစ်ဖက်ယုံကြည်မှုတွေ အများကြီးတည်
ဆောက်ရတယ်။ 

SSPP အနေနဲ့လည်း လက်ရှိအခင်းအကျင်းကို နားလည်မှာပါ။ TNLA လည်း နားလည်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ EAOs တွေပါတဲ့ အခင်းအကျင်း၊ ညှိနှိုင်းလို့ရမဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပြည်ထောင်စုသဘောတူညီမှု စာချုပ်အချို့တွေထဲက သဘောတူညီမှု အချက်တွေက PR အစိုးရ တက်လာရင် ၂၀၀၈ မှာ မဖြစ်မနေပြင်ဆင်ပေးရမဲ့ အရာတွေပါပဲ။ 

တဖက်ကရင်မှာလည်း နယ်ဒါးမြရဲ့ ကော်သူလေး တပ်မတော်တည်ထောင်တဲ့ကိစွနဲ့ပတ်
သက်ပြီး DKBA နဲ့ KNU နှစ်ဖွဲ့က အဖွဲ့အ
စည်းတခုအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး တုန့်ပြန်ဖို့ ပြင်ဆင်လာတာတွေ့ရတယ်။ အင်အားတွေ စုပေါင်းပြီး လုပ်ကိုင်ဖို့ ညှိနှိုင်းလာတာတွေ တွေ့ရတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ရှု့ဒေါင့်ကကြည့်ရင် ဗဟိုအာဏာစက်က လက်ခွဲတပ်မဟာတွေအပေါ် သက်ရောက်မှုရှိရင် ကောင်းပါတယ်။ မဟုတ်ရင် NCA က လုပ်စားမှုသပ်သပ်လို့ အထင်မြင်လွဲမှားစေနိုင်တယ်။ ဘာပဲဖြစ်
ဖြစ် စစ်ရာဇဝတ်မှုကျူးလွန်ထားတဲ့သူကို ထိုက်သင့်တဲ့တုန့်ပြန်မှု အစောကြီးကတည်း
က မလုပ်ရင် ကရင်ပြည်နယ်ရဲ့ငြိမ်းချမ်းနေမှုဟာ စောစောအဆုံးသတ်သွားနိုင်တယ်။ 

crd***original post
#JBT

Post a Comment

Previous Post Next Post