ဘင်္ဂလားဒေ့ရှ်တွင် ဆီဈေးအဆမတန်မြင့်တက်မှုကြောင့် ဆန္ဒပြမှုများဖြစ်ပေါ်

ဘင်္ဂလားဒေ့ရှ်တွင် ဆီဈေးအဆမတန်မြင့်တက်မှုကြောင့် ဆန္ဒပြမှုများဖြစ်ပေါ်

ဒါကာ၊ဩဂုတ် ၈

ဘင်္ဂလားဒေ့ရှ်တွင် စက်သုံးဆီဈေးအဆမတန်မြင့်တက်လာပြီး မူလဈေး၏ ၅၂ ရာခိုင်နှုန်းအထိခုန်တက်သွားခဲ့ကာ ဝယ်သူများအနေဖြင့် ညအချိန်ထိ စောင့်ဆိုင်းဆီဖြည့်နေရကြောင်း သိရှိရသည်။

ယခုဖြစ်ပေါ်နေသော အခြေအနေများကိုအမြန်ဆုံးထိန်းချုပ်ပေးရန် တောင်းဆိုလျက် ဆန္ဒပြသူများက ဘင်္ဂလားဒေ့ရှ်နိုင်ငံအနှံ့အပြားရှိဆီဆိုင်များကို တောင်းဆိုလျက်ရှိကြသည်။လွတ်လပ်ရေးရပြီးကတည်းက အမြင့်ဆုံးအနေအထားသို့ရောက်ရှိနေသော ဆီဈေးနှုန်းဖြစ်ကာ ဒီဇယ်တစ်လီတာလျှင် ဘင်္ဂလားဒေ့ရှ်ငွေ ၃၄ တာကာ အထိဖြစ်လာခဲ့သည်။

ဆန္ဒပြပြည်သူများက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ငွေချေးအေဂျင်စီများထံမှ ချေးငွေရယူရန်အစိုးရကိုတွန်းအားပေးခဲ့သည်။

ကမ္ဘာပေါ်တွင် လူဦးရေအဆမတန်တိုးပွားလာနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်မြို့တော်ဒါကာတွင်လည်း ကျောင်းသား သမဂ္ဂများ၏ ဆန္ဒပြပွဲအများအပြားနှင့်ရင်ဆိုင်နေရသည်။

ဒါကာမှလူသိများသည့် ဆန္ဒပြသူတစ်ဦးကမူ "သာမန်ပြည်သူများသည် လူနေမှုစရိတ်တိုးမြင့်လာမှုကို ရင်ဆိုင်ရန်ခက်ခဲနေပြီဖြစ်ကာ အစိုးရ၏ ပြည်သူပိုင်ပစ္စည်းများကို‌ ခေါင်းပုံဖြတ်ခြင်း နှင့် တလွဲစီမံခန့်ခွဲခြင်းများကြောင့် ပြည်သူများသည်ဒုက္ခရောက်မည့်အခြေနေဆီသို့ ဦးတည်‌နေပြီဖြစ်သည်" ဟုဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ရေနံကော်ပိုရေးရှင်း (BPC) သည် တာကာ ၈ ဘီလီယံ (ဒေါ်လာ ၈၅ သန်း) ကျော်ဆုံးရှုံးခဲ့ရပြီး လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုသည် ကမ္ဘာ့ဈေးကွက် အခြေအနေကြောင့် မလွှဲမရှောင်သာသည့်အခြေအနေဖြစ်နေသည်။

ဘင်္ဂလားဒေ့ရှ်၌ ဇူလိုင်လတွင်နှစ်စဉ်ငွေကြေးဖောင်းပွမှု ၇ ဒသမ ၄၈ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းသည် ကိုးလဆက်တိုက် ၆ ရာခိုင်နှုန်းအထိတက်လာခဲ့သည်။

Source - Wio News

Website တွင်ဖတ်ရန်>>
https://wp.me/paRxJm-liT

Telegram တွင်ဖတ်ရန် >> 
https://t.me/popularjournal

Post a Comment

Previous Post Next Post