ဖလူး-ဝေါ်လေ လမ်းပေါ်ရှိ သုံးထပ်ကွေ့ တိုက်ပွဲ

ယနေ့ သြဂုတ်လ ၂ ရက်နေ့ ညနေ ၄ နာရီ အချိန်ခဲ့က တပ်မတော်မှ ခမရ(***) နှင့် (***) တို့ပူးပေါင်းကာ ဖလူး-ဝေါ်လေ လမ်းပေါ်ရှိ သုံးထပ်ကွေ့အနီး ခြေကုတ်ယူထားသော အကြမ်းဖက် PDF/ တို့နှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တပ်မတော်၏ ထိုးစစ် နှင့် အမြောက်ပစ်ကူ၊ လေကြောင်းပစ်ကူများပါ အသုံးပြု တိုက်ခိုက်ခြင်းကို မခံနိုင်သော အကြမ်ဖက် များအနေနဲ့ ညနေ ၅ နာရီ ခန့်တွင် ဆုတ်ခွာထွက်ပြေးသွားကြောင်း သတင်းရရှိပါသည်။
တပ်မတော်စစ်ကြောင်းမှ ဗိုလ်မှူးတစ်ဦးက ယခုတိုက်ပွဲနှင့် ပတ်သက်ပြီး "လောက်ကိုင်တိုက်ပွဲများမှ အထင်ကရတစ်ခုဖြစ်တဲ့ ၂၂၀၂ တောင်ကုန်းသိမ်းတဲ့ တိုက်ပွဲ နဲ့စာရင် ဒီတိုက်ပွဲ အနေအထားက မပြောပလောက်ပါဘူး..ဒီကောင်တွေ(KNU/PDF) အလှူခံကောင်းအောင် တိုက်ပွဲပုံစံဖော်တဲ့ သဘောပဲ ရှိပါတယ်"လို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ထို့အပြင် "ဒီကောင်တွေက ခရီးသွားတွေ ၊ ယာဥ်တွေနဲ့ ဘာမှအပြစ်မရှိတဲ့ ပြည်သူကို ဖျက်လိုဖျက်ဆီး လုပ်ခဲ့တာတွေ၊အကြမ်းဖက်ခဲ့တာတွေကအခုလို တပ်နဲ့ ထိပ်တိုက်တွေ့တော့ ဒေသခံပြည်သူတွေ ဝမ်းသာနေကြတယ်"လို့လည်း ပြောကြားခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
ယနေ့တိုက်ပွဲကြောင့် KNU/PDF တို့ အကျအဆုံး နဲ့ ဒဏ်ရာရဦးရေကို အတိအကျ မသိရသော်လည်း ကျဆုံး ဒဏ်ရာရရှိမှု များနိုင်ကြောင်း စုံစမ်း သိရှိခဲ့ရပါသည်။ဒဏ်ရာရ သူများအား ထိုင်းနိုင်ငံသို့ နည်းလမ်းအမျိုးမျိုးဖြင့် သွားရောက်ကုသလျက်ရှိသည်။
မှတ်တမ်းဓါတ်ပုံများအား ထပ်မံ တင်ပြပေးပါမည်။

လင်းနေ

Post a Comment

Previous Post Next Post