အရည်အ‎သွေးမမီသည့် မီတာအလုံး သုံးသိန်းခွဲ ဝယ်ယူမှုအတွက် တာဝန်ရှိသူ NLD အစိုးရ ဝန်ကြီးဟောင်းများကို အမှုဖွင့် အရေးယူ

NLD အစိုးရလက်ထက်က အရည်အ‎သွေးမမီသည့် မီတာအလုံး ၃၅၀၀၀၀ ဝယ်ယူမှုအတွက် တာဝန်ရှိသူများကိုအရေးယူ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်တို့ကို အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်တို့သည် ၂၀၁၇/၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာသုံး၊ မြိုငယ်နှင့် မြိုကြီးသုံးမီတာအလုံးသုံးသိန်းခွဲဝယ်ယူရာတွင် တင်ဒါပါ နည်းပညာသတ်မှတ်ချက်မမီ၊ စွမ်းဆောင်ရည်နိမ့်ပါးသည့် မီတာများကို ငွေပေးချေဝယ်ယူရန်ခွင့်ပြုခဲ့ခြင်း၊ မီတာဖတ်ရှုရန်ဆာဗာဝယ်ရာတွင်လည်း ဖတ်ရှုမရသည့် နည်းပညာနိမ့်သည့် ကုမ္ပဏီကိုရွေးချယ်ပြီး ငွေကျပ်သန်းတစ်ရာ ပေးချေခဲ့သည့်အတွက်ကြောင့် နိုင်ငံတော်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာစေခြင်းအတွက် အဂတိပုဒ်မ ၅၅ အရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါတရားစွဲဆိုအရေးယူဆောင်ရွက်မှုတွင် အမြဲတန်းအတွင်းဝန် ဦးတင်မောင်ဦးနှင့်ဦးဆောင်ညွှန်ကြား ရေးမှူး ဦးစောဝင်းမောင်တို့သည် နိုင်ငံတော်ဘဏ္ဍာနှင့် ပိုင်ဆိုင်မှုနစ်နာဆုံးရှုံးစေရန် အားပေးကူညီသဖြင့် အဂတိပုဒ်မ ၅၅/၆၃ ဖြင့် နေပြည်တော်ပုဗ္ဗသီရိမြိုနယ်၊ ဘုရားကုန်းရဲစခန်းတွင် ဇူလိုင်လ ၂၇ ရက်၌ အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

NLD အစိုးရလက်ထက်က လျှပ်စစ်မီတာများနှင့်ပတ်သက်ပြီး ပြည်သူကို နားလှည့် ပါးလှည့်ဖြင့် ဂျင်းထည့်လုပ်ရပ်လုပ်ဆောင်ခဲ့သည်။

ယခင်အစိုးရများလက်ထက်က အိမ်သုံး Digital မီတာများမှာ (230 V, 10(30) A) များဖြစ်ပြီး ဌာနသို့ ၉၀၀၀၀ ခန့်၊ ကာဗာဘောက်၊ ဘရိတ်ကာ အပါအဝင်ဌာနသို့ တစ်သိန်းခန့် ပေးသွင်းရသည်။

ဒါကို NLD လက်ထက်မှာ စျေးကြီးပေးနေရသဖြင့် ပြည်သူများ ဝန်ထုပ်ဝန်ပိုးဖြစ်ရသည်ဟုဆိုကာ (230 V,  5(30) A) digital မီတာများကို ပြောင်းလဲ ထုတ်ပေးခဲ့ရာ ၂၀၀၀၀ ခန့်သက်သာ သွားသည်။

ပြည်သူများက ၂၀၀၀၀ ခန့်သက်သာသွားသည်ကိုကြည့်ပြီး အရင်အစိုးရများကဘဲ အမြတ်ကြီးစားသယောင်ထင်ခဲ့ကြသည်။ မီတာချင်းအတူတူလို့ထင်ခဲ့ကြသည်။ ပြည်သူများမသိတာက အရင်အစိုးရများလက်ထက်က မီတာများနှင့် NLD အစိုးရလက်ထက် မီတာများသည် အင်ပီယာ (Ampere) အဆ ထက်ဝက်ကွာခြားနေသည်ကို သတိမပြုမိကြပေ။ ငွေသက်သာတာကိုသာ မြင်သွားကြသည်။

အင်ပီယာ (A) အဓိပ္ပါယ်မှာရေပိုက်နှင့်သဘောတူပါသည်။ အရင်အစိုးရများ၏ မီတာ (A) က ၄ လက္မပိုက် ဆိုလျှင် NLD အစိုးရလက်ထက် မီတာ (A) က ၂ လက္မပိုက်နှင့်အလားတူပါသည်။ ဂါလံ ၅၀ ဝင် ရေစည်ထဲကို ၂ လက္မပိုက်နဲ့ ရေဖြည့်တာနဲ့ ၄ လက္မပိုက်နဲ့ ရေဖြည့်တဲ့အခါ ဘယ်ပိုက်နဲ့ဖြည့်တာက မြန်မြန်ပြည့်မလဲ။ ခွဲဝေသုံးစွဲသည့်အခါ ၄ လက္မပိုက်ထဲက ၁ လက္မ ပိုက် ၄ ခုခွဲဝေသုံးစွဲနိုင်သော်လည်း ၂ လက္မပိုက်ထဲကဆိုလျှင် ၁ လက္မပိုက်နှင့် ၂ ခုသာခွဲဝေသုံးစွဲနိုင်ပါလိမ့်မည်။

အရင်အစိုးရများလက်ထက်က 230 V 10(A) မီတာ နှင့် NLD အစိုးရလက်ထက် 230 V. 5(A) မီတာတို့ ထမင်းပေါင်းအိုးတည်၊ မီးပူတိုက်၊ ရေမော်တာမောင်း၊ ရေခဲသေတ္တာမောင်း၊ TV ကြည့် တစ်ပြိုင်နက် သုံးကြသည့်အခါ ယှဥ်ကြည့်ပါ ၂၀၀၀၀ ကွာခြားမှုနှင့်အတူ လူနေမှုအဆင့်အတန်း living standard မြင့်လာကြသည့်ပြည်သူများ သုံးစွဲရတာ ကွာခြားပါလိမ့်မည်။

အရည်အသွေးမြင့်လို့ တန်ဘိုးမြင့် သည့်သဘောကို NLD အစိုးရက ပြည်သူကို နားလှည့်ပါးလှည် လုပ်လိုက်ခြင်းသာဖြစ်ပြီး ရိုးသားသည့် ပြည်သူများကို ဂျင်းထည့်ခြင်းသာဖြစ်ကြောင်း အခု ဘွင်းဘွင်းကြီးပေါ်ပေါက်လာသည်။

Post a Comment

Previous Post Next Post