ယင်းမာပင်မှာ PDF အစုလိုက်အပြုံလိုက်ဖမ်းမိ

ယင်းမာပင်မြို့နယ်က PDF အများအပြားကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရင်ပေါင်တိုင်ကျေးရွာနဲ့ ပျာအိုကျေးရွာက ကျောင်းတွေမှာ ခိုအောင်းနေတဲ့ PDF တွေကို လုံခြုံရေးတပ်ဖွဲ့တွေက အောက်တိုဘာလ ၁၉ ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ ဝင်ရောက်ဖမ်းဆီးရမိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
"ဖမ်းမိတယ်လို့ ကြားတယ်၊ ယင်းမာပင်တစ်ခုထဲကမဟုတ်ဘူး ပုလဲဘက်ကအဖွဲ့တွေလည်းပါတယ်လို့လည်းကြားတယ်၊ ဘယ်လောက်မိသလဲဆိုတာတော့ တိတိကျကျ
မသိဘူး ဒီနေ့လည်းထပ်ဖမ်းတယ်ကြားတယ်" လို့ဒေသခံတစ်ဦးကပြောပါတယ်။
ယင်းမာပင် PDF၊ ပုလဲ PDF၊ ဆားလင်းကြီး PDF ပူးပေါင်းအဖွဲ့တွေဟာ ရင်ပေါင်တိုင်နဲ့ ပျာအိုကျေးရွာတွေက စာသင်ကျောင်းတွေမှာခိုအောင်းနေတယ်ဆိုတဲ့သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဖမ်းဆီးရမိတာဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ပြောဆိုချက်အရ ဒီကနေ့ အောက်တိုဘာ ၂၁ ရက်နေ့ မနက်ပိုင်းက ရွှေလှံကျေးရွာလည်း PDF တွေဖမ်းဆီးရမိပြီး ခုရက်ပိုင်းမှာ ၃၅ ယောက်ကျော် ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - CJ
#myanma_gone
#ယင်းမာပင်PDF
#အစုလိုက်အပြုံလိုက်ဖမ်းဆီးခံရ

Post a Comment

Previous Post Next Post