ဂျာမန်ပြည်သူ ၃ ပုံ ၂ ပုံအထိ အသုံးစရိတ် လျှော့ချနေရ


Federal Consumer Association ရဲ့ စစ်တမ်းကို ကိုးကားပြီး Funke သတင်းစာက ဖော်ပြခဲ့ရာမှာ ဂျာမန်လူမျိုး ၃ ပုံ ၂ ပုံနီးပါးဟာ ငွေကြေးဖောင်းပွမှု​ကြောင့် အသုံးစရိတ်လျှော့ချနေရတယ်လို့ သိရပါတယ်။ စစ်တမ်းကို ပါဝင်ဖြေဆိုသူ ၆၁% က ဈေးသက်သာတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူခဲ့ကြပြီး ၅၆% က အဝတ်အစားကုန်ကျစရိတ်ကို လျှော့ချခဲ့ကာ ၃၃% ကတော့ စက်သုံးဆီချွေတာတဲ့အနေနဲ့ ကားအသုံးပြုမှုကို လျှော့ချခဲ့တယ်လို့ ဆိုပါတယ်။ ပါဝင်သူ ၃ ပုံ ၁ ပုံအထိကတော့​ လေကြောင်းခရီးနဲ့သွားလာမှုကိုလည်း လျှော့ချခဲ့တယ်လို့ သိရပါတယ်။

တရားဝင်အချက်အလက်တွေအရ အောက်တိုဘာလမှာ ဂျာမနီရဲ့ ငွေကြေးဖောင်းပွမှုက နှစ်စဉ်သတ်မှတ်ချက်တွေထဲ ၁၀.၄% အထိ မြင့်တက်ခဲ့ပြီး ဂျာမနီပေါင်းစည်းပြီးနောက်ပိုင်းမှာ အမြင့်ဆုံးအဖြစ် စက်တင်ဘာလမှာ ၁၀% နဲ့ ဩဂုတ်လမှာ ၇.၉% အထိမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

News Of Myanmar NOM

Channel Link:
**News Of Myanmar**

Post a Comment

Previous Post Next Post