AA အဖွဲ့မှ စားစရာမရှိသဖြင့် ဘင်္ဂါလီရွာမှ ရိက္ခာများတောင်းစားနေရ


ဘူးသီးတောင်မြို့နယ်၊ အတွင်းပြင်(ဘင်္ဂါလီ)ရွာသို့ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းတွင် AA အဖွဲ့မှ ရွှေမောင်သန်းနှင့်အဖွဲ့ ရောက်ရှိလာပြီး ရွာသားများကို မူလတန်းကျောင်းသို့ ခေါ်ယူကာ ၎င်းတို့အဖွဲ့၌ စားသောက်စရာ ရိက္ခာများ ပြတ်လပ်နေသဖြင့် တစ်အိမ်လျှင် ဆန် ၄ ပြည် ပေးရန်ခြိမ်းခြောက် ပြောကြားသည့်အတွက် ပေးခဲ့ရသည်ဟု အဆိုပါကျေးရွာနေ ရွာသားများထံက သိရသည်။

“ရွာထဲကို လာတာ ၁၀ ယောက်လောက်ပဲ ရွာအပြင်ဘက်မှာတော့ အယောက် ၅၀ ကျော်လောက် စောင့်နေကြတာ မနေ့ကတည်းက ထမင်းမစားရသေးဘူးလို့ ပြောတယ်၊ ရွာသားတချို့ကတော့ ဆန် ၄ ပြည်မပြည့်လို့ စားဖို့စုထားတဲ့ အသားခြောက်တွေ ပေးလိုက်ရတယ်” ဆိုပြီး ရွာသားတစ်ဦးက ပြောသည်။

“သူတို့တောင်းတာ မပေးရင် အခြားရွာတွေလို ရွာထဲ လက်နက်ကြီးတွေနဲ့ ပစ်မှာ ကြောက်တာပေါ့ ရွာကို ပြဿနာရှာရင် ရွာပဲပျက်မှာ သူတို့လိုတာ ရသွားတော့ ပအိုးသည်မရွာဘက်ကို ထွက်သွားတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

AA အဖွဲ့အနေဖြင့် စားစရာရိက္ခာမရှိသဖြင့် တစ်ရွာဝင်တစ်ရွာထွက် ပြုလုပ်ကာ ရိက္ခာနှင့် ဆက်ကြေးငွေများ ခြိမ်းခြောက်တောင်းခံလျက်ရှိပြီး မပေးပါက ဖမ်းဆီးနှိပ်စက်ခြင်း ရွာကို ပြဿနာရှာခြင်းများ ပြုလုပ်နေသည့်အတွက် ဒေသခံများ အခက်တွေ့နေသည်ဟု သိရသည်။

#MayYuHtarNay

Post a Comment

Previous Post Next Post