ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်မှ ပြည်သူ (၁၀၀) ကျော် ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်

ကရင်ပြည်နယ်အတွင်းရှိ ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်တို့အား KNU၊ KNLA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ၂၀၂၂ မေလမှ စတင်ထိန်းချုပ်၍ အဆိုပါဒေသတစ် ဝိုက်ရှိ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများအတွင်း ဝင်ရောက်နေထိုင် ကာ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာ များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အဆိုပါဒေသတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၂၈ရက်မှစ၍ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိသည့် အတွက် ထွက်ပြေးတိမ်း ရှောင်နေသည့် အပြစ်မဲ့ပြည်သူများအား ပြန် လည်နေထိုင်နိုင်ရေးအတွက် တယ်လီဖုန်းများဖြင့်လည်းကောင်း၊ အသံချဲ့စက်များဖြင့် မြန်မာဘာသာ၊ ကရင်ဘာသာ စကားများဖြင့်လည်းကောင်း ပြန်လည်ဖိတ်ခေါ်ခြင်းနှင့် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်သူများအနက်မှ နိုဝင်ဘာ ၂၈ ရက်နှင့် နိုဝင်ဘာလ ၂၉ ရက်တို့တွင် သေဘောထိုးကျေးရွာနှင့် ဘလက်ဒိုကျေးရွာများသို့ အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၅၆ ဦး၊ စုစုပေါင်း ၁၁၉ ဦး ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက နေ့ညမပျက် ပြန်လည်ကြိုဆို၍ စနစ်တကျလက်ခံလျက်ရှိပြီး လိုအပ်သည်များကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက် မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

#Newvisionmedia

Post a Comment

Previous Post Next Post