အငြင်းပွားနေသော အိန္ဒိယနှင့် တရုတ်နယ်စပ်အနီး အိန္ဒိယနှင့် အမေရိကန်တပ်များစစ်ရေးလေ့ကျင့်

အိန္ဒိယနှင့် အမေရိကန် လက်နက်ကိုင် အထူးတပ်ဖွဲ့များသည် ၎င်းတို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော Yudh Abhyas စစ်ရေးလေ့ကျင့်မှုကို အိန္ဒိယနှင့် တရုတ်နယ်စပ်အနီး၊အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ်၊ဟိမဝန္တာတောင်တန်းများတွင်  ပြုလုပ်နေကြောင်း ANI သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ အိန္ဒိယနှင့် အမေရိကန် အထူးတပ်ဖွဲ့ဝင်များအကြား အတွေ့အကြုံများကို မျှဝေရန်ဖြစ်ကြောင်း အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာန သတင်းရင်းမြစ်များက ဆိုသည်။

(၁၈) ကြိမ်မြောက် Yudh Abhyas စစ်ရေးလေ့ကျင့်မှုတွင်အိန္ဒိယကြည်းတပ်၏ Assam Regiment နှင့် US Army 11th Airborne Division မှ အဖွဲ့ဝင်များ ပါဝင်​လေ့ကျင့်ခဲ့ကြသည်။

Ref: news.am

Post a Comment

Previous Post Next Post