"မြင်းခြံဆရာတော် ဘဒ္ဒန္တ ဇောတိပါလ အပါအဝင် ဆရာတော် ၅ ပါး ကမ္ဘာ့ငြိမ်းချမ်းရေးဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိ"

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌ ဆရာ တော်ဘဒ္ဒန္တ ဇောတိပါလ(မြင်းခြံဆရာတော်)အပါအဝင် ဆရာတော် ၅ ပါးအား ကမ္ဘာ့ငြိမ်းချမ်းရေးဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ကိုရီးယားနိုင်ငံ၊ International Buddhism Leader Association မှ ဆက်ကပ်ချီးမြှင့်ခဲ့သည်ဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်မှုအရ သိရသည်။

အခမ်းအနားသို့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး  ဦးသန့်စင် တက်ရောက်၍ဂုဏ်ပြုအ မှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှ ဆရာတော် ၅ ပါးအပါအပြင် လာအို၊ မွန်ဂိုလီးယား၊.သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ ဆရာတော်ကြီး ၉ ပါးအားလည်း ကမ္ဘာ့ငြိမ်းချမ်းရေးဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ဆက်ကပ်ချီးမြှင့်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအခမ်းအနား၌ ဒုတိယအကြိမ် ကမ္ဘာ့သာသနာ့ခေါင်းဆောင်များအစည်းအဝေးကိုလည်း ကျင်းပခဲ့ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ ဇောတိပါလ(မြင်းခြံဆရာ တော်)က သာရဏီယဩဝါဒကထာကို ဖတ်ကြားခဲ့သည်ဟု သိရသည်။
#mhtnews

Post a Comment

Previous Post Next Post