ရှမ်းပြည်တောင်ပိုင်းတွင်သိန်း ၅၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁ သန်း‌ကျော်အားဖမ်းမိခဲ့

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကွန်ဟိန်းမြို့နယ်၊တောင်ကြီး-တာချီလိတ်သွားကားလမ်း၏ တာကော်တံတားပူးပေါင်းစစ်ဆေးရေးစခန်းတွင် နို ဝင်ဘာ ၉ ရက်ညပိုင်းကဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ည ၆ နာရီကျော်ခန့်က ကွန်ဟိန်းမြို့နယ်၊တောင်ကြီး-တာချီလိတ်သွားကားလမ်း၏ တာကော်တံတားပူးပေါင်းစစ်ဆေးရေးစခန်းတွင် ကာလိဘက်မှမိုင်းပျဉ်းဘက်သို့ စိုင်းဆိုင်ဟန် မောင်းကာ စိုင်းနွံ လိုက်လာသည့် Toyota Hiace ကားအားသတင်းအရရှာဖွေခဲ့ကြသည်။

ကားပေါ်မှ ကွန်ဟိန်းမြို့နယ်မှတာချီလိတ်မြို့နယ်သို့ သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၅၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁ ဒသမ ၇၇ သန်းပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

✅ Popular Journal
https://t.me/Nawshwe123

Post a Comment

Previous Post Next Post