ချစ်သူစုံတွဲကိုသတ်ပြီး လက်ဝတ်ရတနာတွေ လုယက်တဲ့ ပုသိမ်မြိုက တရားခံ အမျိုးသား၂ ဦးကို ထောင်ဒဏ် ၁၀ နှစ်အပြင် သေဒဏ်ပါချမှတ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြိုက ကြိုးတံတားအောက်မှာ စကားပြောနေတဲ့ ချစ်သူစုံတွဲကိုသတ်ပြီး လက်ဝတ်ရတနာတွေနဲ့ အခြားပစ္စည်းတွေကို လုယက်ယူသွားတဲ့ တရားခံ ၂ ဦးကို ပုသိမ်တရားရုံးကနေ နိုဝင်ဘာ ၂၄ ရက်နေ့ မှာ ထောင်ဒဏ် ၁၀ နှစ်အပြင် သေဒဏ်အမိန့်ပါချမှတ်လိုက်တယ်လို သိရပါတယ်။

အဲဒီအမှုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ချစ်သူစုံတွဲကို သတ်ဖြတ်သွားသူ တရားခံတွေကတော့ ကျင်အောင်ထွေး (၂၃ နှစ်) နဲ့ ချစ်မင်းသူ (၂၄) နှစ်တိုဖြစ်တယ်လို ဆိုပါတယ်။

အဲဒီအမှုထဲမှ လူယက်ယူဆောင်လာတဲ့ လက်ဝတ်ရတနာတွေနဲ့ ပစ္စည်းတွေကို ရောင်းချပေးတဲ့ တရားခံ ကျင်အောင်ထွေးရဲ့ ဇနီး ထက်ထက်မိုးဦး ဆိုသူကိုလည်း ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်တယ်လို သိရပါတယ်။

Post a Comment

Previous Post Next Post