"ဖျာပုံက ရဲတပ်ဖွဲ့ဝင်တစ်ဉီးရဲ့ဇနီးနဲ့ စီးပွားရေးလုပ်ငန်းရှင် ၂ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်"

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်က ရဲတပ်ဖွဲ့ဝင် ထင်လင်း ဆိုသူရဲ့ ဇနီးဖြစ်သူ မကေသီဝင်း (ခ)ငယ်ငယ် နဲ့ "Brother" လ္ဘက်ရည်ဆိုင်ပိုင်ရှင် ကိုမျိုးမျိုး၊ "ဆွေသဟာ'' တည်းခိုခန်းလုပ်ငန်းရှင် မဆွေဆွေလှိုင်တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) စတဲ့ ပုဒ်မတွေနဲ့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။ 

အဆိုပါ ရဲတပ်ဖွဲ့ဝင်ရဲ့ ဇနီးနဲ့ စီးပွားရေးလုပ်ငန်းရှင် ၅ ဉီးအပါအဝင် လူအယောက် ၂၀ ကျော်တို့ကို အကြမ်းဖက်အုပ်စုတွေထံ အထောက်အပံ့ပေးမှုနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ဖမ်းဆီးစစ်ဆေးခဲ့ပြီးမှ ယခုလို အမှုဖွင့်လိုက်တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်ကလည်း ဖျာပုံမြို့နယ် ထွေ/အုပ်ရုံးက ဝန်ထမ်းအမျိုးသမီး ၁ ဉီးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂-(ည)နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သေးတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်ကနေ သိရပါတယ်။  
#mhtnews
https://t.me/naywin331

Post a Comment

Previous Post Next Post