"မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ အမေရိကန်ဒေါ်လာ (၁ ဒသမ ၄၈) သန်းကျော်တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းများ ပေးအပ်လှူဒါန်း"


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ အစိုးရသို့ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၁ ဒသမ ၄၈) သန်းကျော်တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးဝါးနှင့်ဆေးပစ္စည်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနှင့် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့မှ ပူးပေါင်းလှူဒါန်းခြင်းဖြစ်သည်။

ယခုလှူဒါန်းပေးအပ်ခဲ့သည့် ဆေးဝါးနှင့်ဆေးပစ္စည်းများထဲတွင် အိမ်သုံးဆေးဝါးများ၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ၊ ပဋိဇီဝဆေးများ၊ နာတာရှည်ရောဂါဆိုင်ရာဆေးဝါးများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ စသည်တို့ ပါဝင်ကြောင်း သိရသည်။
#mhtnews
https://t.me/naywin331

Post a Comment

Previous Post Next Post