"မြောင်မြို့နယ်၊ ကင်းကျေးရွာ စာသင်ကျောင်းအတွင်းမှ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ"

စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်း အကြမ်းဖက်ချေမှုန်းရေးလုပ်ငန်းများ ဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၉ ရက်တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ မြောင်မြို့နယ်၊ ကင်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းအတွင်းမှ အကြမ်းဖက်သမားများ၏ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

သိမ်းဆည်းရရှိပစ္စည်းများမှာ လက်လုပ်တူမီးသေနတ် (အရှည်) ၆ လက်/ အတို ၁ လက်၊ လက်လုပ်ပြောင်းချောသေနတ် ၁၄ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်ရှော့တိုက်စိန်ပြောင်း ၆ ခု၊ လက်လုပ်မိုင်းများနှင့် အခြား ဆက်စက်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။
#mhtnews

Post a Comment

Previous Post Next Post