ပုဏ္ဏားကျွန်းမြို့အနီး ရန်ကုန်-စစ်တွေလမ်းမကြီးပေါ်တွင် AA အဖွဲ့မှ ၅ နေရာခွဲကာ လမ်းပိတ်ဆို့ထားသောကြောင့် ကားသမားများပိတ်မိနေ

နှစ်ဖက်အပစ်ရပ်ထားသည်ကို အခွင့်ကောင်းယူကာ ပုဏ္ဏားကျွန်းမြို့ အနီး ရန်ကုန်-စစ်တွေလမ်းမကြီးပေါ်တွင် AA အဖွဲ့မှ ၅ နေရာခွဲကာ လမ်းပိတ်ဆို့ထားသောကြောင့် ကားသမားများပိတ်မိနေကြောင်း ဖုန်းသတင်းအရ သိရှိရသည်။
AA အဖွဲ့ ပိတ်ဆို့ဆက်ကြေးကောက်နေသည့်နေရာများမှာ ပုဏ္ဏားကျွန်းမြို့ အနီး  စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းမပေါ်ရှိ ပန်းနီလာ ကျေးရွာ၊ ကျောက်ဆိပ်ကျေးရွာ၊ ပဒေသာ ကျေးရွာဟောင်း၊ အိုင်ဒင်ကျေးရွာ၊ တောင်ပေါက်(ခ)နိုင်ငံတောင်တန်းတို့၌ ဖြစ်ပြီး ဆင်အင်းကြီး ကျေးရွာနှင့် ပဒေသာရွာသစ်ကြား၊ ကားလမ်းတွင်စစ်ဆေးရေးဂိတ် တစ်ခုထားရှိ၍ ယာဉ်သွားလာများအား ပိတ်ဆို့ထားသောကြောင့် ခရီးသွားများနှင့် ကုန်ကားများ ပိတ်မိနေကြောင်း၊ ထိုသို့လမ်းပိတ်ဆို့ခိုင်းပြီး ဆက်ကြေးကောက်ခိုင်းနေသူမှာ AA စစ်ကြောင်းမှူး ကျော်ကျော် ဆိုသူဖြစ်ပြီး အိုင်ဒင်ကျေးရွာတွင်လက်ရှိနေထိုင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
စစ်တွေ-ရန်ကုန်လိုင်းကားပြေးဆွဲနေသူတစ်ဦးမှ “ကျနော်တို့ ရောက်နေတာ အပစ်ရပ်တဲ့နေတည်းကရောက်နေတာ၊ ဘယ်မှလည်းမသွားခိုင်းဘူး၊ သူတို့သွားခိုင်းမှ သွားရမယ်ဆိုပြီး ငွေ ငါးသောင်းတောင်းသွားတယ်၊ ကားပေါ်ပါလာတဲ့ကုန်တွေလည်း သူတို့လာလာတောင်းလို့ ကုန်သလောက်ဖြစ်နေပြီ၊ မိသားစုတွေလည်း စိတ်ပူနေတာမို့ ဖြစ်နိုင်ရင် ဒီကနေသွားချင်နေပြီ ” ဟုပြောသည်။
ဆက်လက်ပြီး ၎င်းတို့တွေကိုဓာတ်ပုံရိုက်သတင်းပို့မှာစိုးရိမ်လို့ လက်ကိုင်ဖုန်းတွေသိမ်းသွားပြီး ဖုန်းပြောဖို့ကီးပတ်သာကိုင်ခိုင်းခွင့် ပေးထားကြောင်း၊ နီးစပ်ရာရွာကနေထမင်းထုပ်ဆင့်စားနေရကြောင်းနှင့် လက်ရှိအချိန်တွင် ပရဟိတအဖွဲ့အချို့မှ သွားရောက်လှူဒါန်းမှုများရှိကြောင်း၊ ဒီလမ်းကြောင်းမှအမြဲသွားလာနေသူမို့ ဒီအတိုင်းသာ ဆက်ပိတ်ထားပါက တဖြေးဖြေးကုန်စီးဆင်းမှုရပ်ပြီး ကုန်ဈေးနှုန်းများမြင့်တက်လာကာ လူထုငတ်လာမှာဖြစ်ကြောင်း၊ နှစ်ဖက်တပ်တွေတင်းမာမှုများဖြစ်လာကာ တိုက်ပွဲများပြန်ဖြစ်လာနိုင်တာကြောင့် AA အဖွဲ့နေနဲ့ ပြည်သူကိုအမှန်တကယ်ရှေးရှု့တယ်ဆိုရင်  ပြန်ရုတ်ပေးသင့်ကြောင်း၊ စကစကို လက်ညှိုးထိုးချင်လို့ဒီလိုဖန်တီးတာဆိုပေမယ့် တကယ်တမ်းခံရမှာက ရခိုင်ဒေသခံတွေသာဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
#MinChitOo

Post a Comment

Previous Post Next Post