မိုးရွာရင် မိုးရေချိုးမယ်



အိန္ဒိယက လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့တယ်၊ တရုတ်သံအမတ်ကြီးနဲ့တွေ့တယ်၊ မစ္စတာဝါတာနာဘေးနဲ့တွေ့တယ်၊ ဘင်္ဂလားဒေ့ရှ်ကနယ်ခြားစောင့်ညွှန်ချုပ်နဲ့လည်းတွေ့တယ်.... ဆိုတော့ အဲဒီတွေ့ဆုံခြင်းတွေရဲ့ လားရာဟာ ဘာပါလိမ့်?
သေချာပါတယ် အဲ့ဒီလားရာဟာ "၂၀၂၃ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်မည်" ဆိုတဲ့ အန္တိမပန်းတိုင်ကို ရည်ညွန်းတယ်ဆိုတာ.... အိန္ဒိယနိုင်ငံဟာ နစက အစိုးရ တက်လာတဲ့အချိန်ကစပြီး နစကအစိုးရကိုထောက်ခံခဲ့တဲ့နိုင်ငံပါ.... အထူးသဖြင့် ၂၀၂၃ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အဓိကအကူညီပေးနေပါတယ်... တရုတ်သမ္မတ ရှီဟာ သမ္မတရာထူးကို တတိယအကြိမ်ရယူပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သူ့ရဲ့ အကောင်းမြင်သဘောထားကို ထုတ်ပြန်ကြေညာခဲ့ပါတယ်....အခု သူ့ရဲ့ သဘောထားအောင်မြင်ရေးအတွက် ကနဦးခြေလှမ်းအဖြစ် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးကို ဦးစားပေးပြီးဆောင်ရွက်မယ်လို့ဆိုပါတယ်.... နယ်စပ်ဒေသလို့ပြောရင် KIA ၊UWSA၊MNDAA၊TNLA နဲ့ AA ကိုပြေးမြင်မိကြမှာပါ.... လက်ရှိအနေအထားအရ AA ကအပစ်အခတ်ရပ်စဲရေး လုပ်ပြီလို့ဆိုပါတယ်.... ဒါဆိုရင် သေချာပေါက် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကို လုပ်နိုင်ပါပြီ.... UWSA ၊ MNDAA နဲ့ TNLA လည်းငြိမ်မယ်ဆိုရင် ရှမ်းမြောက်မှာလည်း လုပ်နိုင်မှာပါ.... အလားတူ KIA အနေနဲ့လည်း အကျိုးဆောင်တွေကတဆင့် နစကနဲ့
ဆက်သွယ်နေတယ်ဆိုတော့ ကချင်ပြည်နယ်လည်း လုပ်နိုင်မယ်လို့ယူဆပါတယ်.... ဒီကြားထဲမှာ မအူမလယ်နဲ့ ဟိုမရောက်ဒီမရောက် ကျန်နိုင်တာကတော့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းထဲက နယ်မြေတစ်ချို့ကျန်နိုင်ပါတယ်.... ဒါဆိုရင် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မယ်ဆိုတဲ့ NUG၊ PDF တွေရဲ့ စကားတွေဟာ အိပ်မက်သာသာဖြစ်သွားပြီဆိုတာ ငြင်းလို့မရနိုင်ပါဘူး.... ဒါကြောင့် မကြာမီအချိန်အတွင်းမှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံး အေးချမ်းရေးမိုး၊ ငြိမ်းချမ်းရေးမိုးတွေ စတင်ရွာသွန်းပါတော့မယ်.... ဒီတစ်ခါရွာတဲ့ မိုးရေကို ချိုးဖြစ်အောင် ချိုးကြပါ.....

Post a Comment

Previous Post Next Post