" သူရဲကောင်းတို့အတွက် သမိုင်းဝင် ဒီဇင်ဘာ "

ရက်တွေ လ တွေ အလီလီပြောင်းလို့မမေ့ကောင်းတဲ့ " သမိုင်းဝင် ဒီဇင်ဘာ "ကိုတစ်ခါပြန်ရောက်ခဲ့ပြီလေ

သား တမ်းတဲ့မိခင်ရယ်ခင်ပွန်း လွမ်းတဲ့ ချစ်သူရယ်တချို့ကလည်း အိုးစားဖက်တွေကို လွမ်းရင်း

အဟောင်းတွေ အသစ်ဖြစ်လွမ်းစရာတွေ တနင့်နင့်နဲ့ ရင်ဘတ်ချင်းတူသူ  မိတ်ဆွေတွေ ဆုံကြဦးမပေါ့

ခေတ်စနစ် အပြောင်းအလဲတွေနဲ့ပဋိပက္ခအတိုက်အခံတွေကြားမှာစစ်သား ဆိုတာ အမုန်းခံလူသားတွေဖြစ်မှန်းမသိ ဖြစ်ခဲ့ရလေရဲ့

ဘယ်သူအသိအမှတ်ပြုပြု မပြုပြုပါ
ပြည်ထောင်စုမပြိုကွဲဖို့ ရင်ကြားစေ့ပေးဆပ်ရင်းသစ္စာလေးချက်အတွက် စွန့်ဝံ့ခဲ့သူတွေ မရေတွက်နိုင်တော့ပါဘူး

"ငြိမ်းချမ်းရေး "တဲ့
စကားလေး သုံးလုံးတည်းပေမယ့်ဘိုးဘေးအစဥ်အဆက် ပေးဆပ်ခဲ့ကြတာ ဘယ်ကမ္ဘာမှ ရပ်တံ့ပါ့မလဲ

ဟိုး အညိုရောင်တောင်တန်းတွေဆီက..ဂျိုးဖြူငှက်တွေ အိပ်တန်း မပြန်နိုင်သေးသရွေ့

ဒီနှစ်လည်း ဗိမာန်မှာ သူရဲကောင်းတို့ နာမည် ကမ္ဗျည်းတွေ ထပ်တိုးနေဦးမယ်ထင်ပါရဲ့

ကြယ်ကြွေချိန် ဆုတောင်းရင်ပြည့်သတဲ့...

ဒါပေမယ့် လူမသိ သူမသိ ကြွေခဲ့တဲ့ ကြယ်တွေအတွက်တော့..

ကျွန်တော်  တို့ကလွဲရင် ဘယ်သူတွေ ဆုတောင်းပေးကြမှာလဲလေ...... ။

#အလင်းရောင်
https://t.me/mindinnewsmm/59681

Post a Comment

Previous Post Next Post