"NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန် ဆိုသူကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒဏ်နှစ် ၂၀ ထပ်ချ"


NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးထွန်းထွန်းဟိန် ​ဆိုသူကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ- ၁၂၂ နဲ့ လားရှိုးထောင်တွင်း တရားရုံးကနေ ယနေ့ (နိုဝင်ဘာ ၂၉ ရက်)မှာ ထောင်ဒဏ် အနှစ် ၂၀ ထပ်ချလိုက်တယ်လို့ သိရပါတယ်။

၎င်းဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှာလည်း ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ- ၅၀၅ (က)၊ ၅၀၅ (ခ) တို့နဲ့ လားရှိုးထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၄ နှစ် အမိန့်ချမှတ်ခဲ့ပြီးဖြစ်လို့ အခုဆိုရင် စုစုပေါင်း ထောင် ၂၄ နှစ်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းအနေနဲ့ နောက်ထပ် ရွေးကောက်ပွဲ မဲမသမာမှု ပုဒ်မ-၁၃၀ (က) နဲ့လည်း ထပ်မံတရားရင်ဆိုင်ရဦးမှာဖြစ်တယ်လို့ သိရပါတယ်။
#mhtnews

Post a Comment

Previous Post Next Post