NUG ဝါရှင်တန်မှာ ရုံးခန်းဖွင့်တာသည် အမေရိကန်အစိုးရက အသိအမှတ်ပြုလက်ခံခြင်းမဟုတ်ကြောင်းရှင်းလင်း


အမေရိကန်ငြိမ်းချမ်းရေး ဗဟိုဌာန အကြီးတန်းအတိုင်ပင်ခံ ပရစ္စဆယ်လာကလပ်က ဝါရှင်တန်မှာ NUG အခမ်းငှားပြီး ရုံးလာဖွင့်တာဟာ သူတို့အတွက်တော့ ရေးကြီးခွင်ကျယ်ဖြစ်ပေမယ့်

ကျွန်မတို့အမေရိကန်အစိုးရက အသိအမှတ်ပြုလက်ခံတာလုံးဝမဟုတ်ပါဘူး

ကျွန်မတို့ နစကနှင့် အဆက်အဆံမရှိရင်သာနေမယ်၊ ရန်ကုန်မှာ တရားဝင်သံရုံးဆက်ဖွင့်ထားတယ်ဆိုတာကိုက အခြားအစိုးရအမည်ခံတဲ့မည်သည့်အဖွဲ့ကိုမှအသိအမှတ်ပြုမှာမဟုတ်ကြောင်းထင်ရှားနေပါတယ်

ကျွန်မတို့ နစက မဟုတ်သောအခြားအဖွဲ့ကို အသိအမှတ်ပြုမယ်ဆိုရင် အရင်ဆုံးရန်ကုန်မှာသံရုံးပိတ်ရမှာပါ

သံတမန်အဆက်အသွယ်ရှိတယ်မရှိတယ်ဆိုတာ အစိုးရနှင့်ဆက်ဆံတာနှင့်မဆိုင်ဘူး

သူ့နိုင်ငံမှာသံရုံးဖွင့်ထားရင်အဲဒီနိုင်ငံနှင့်လက်တွေ့မှာတော့ ပတ်သက်နေရတာပါပဲဟု VOA ကိုတရားဝင်ထုတ်ပြောလိုက်ပါတယ်

ပရစ္စဆယ်လာကလပ်သည် ၂၀၀၂ ခုနှစ်အထိရန်ကုန်မြို့အမေရိကန်သံရုံး နံပါတ် (၁) အဆင့်အမြင့်ဆုံးတာဝန်ထမ်းဆောင်သွားသူလည်းဖြစ်ပါတယ်

Post a Comment

Previous Post Next Post