အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန်H. E. Mr. Vinay Mohan Kwatra အား လက်ခံတွေ့ဆုံ

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန်
H. E. Mr. Vinay Mohan Kwatra အား လက်ခံတွေ့ဆုံ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် H.E. Mr. Vinay Mohan Kwatra အား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကာကွယ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံဆက်ဆံရေးများ ပိုမိုမြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ စိုက်ပျိုးရေးနည်းပညာများ မြှင့်တင်ရေး အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု များ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုလားတန်မြစ်ကြောင်းစီမံကိန်း ဆောင်ရွက်လျက်ရှိမှုနှင့် ပင်လယ်ရေကြောင်း တိုက်ရိုက်ကုန်သွယ်ရေးဆိုင်ရာ ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုမြှင့် တင် ဆောင်ရွက်မည့်အခြေအနေများ၊ ကုန်သွယ်မှုလုပ်ငန်းများတွင် နှစ်နိုင်ငံငွေကြေး များဖြစ်သည့် ရူပီးနှင့်ကျပ်ငွေတို့ကို တိုက်ရိုက်ပေးချေနိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိမှု အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှု များဖြစ်ပွားခဲ့မှုကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်အား ထမ်းဆောင်ခဲ့ရမှုနှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် ဆက်ဆံရေးကောင်းမွန် စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြား ရေးအတွင်းဝန် H.E. Mr. Vinay Mohan Kwatra တို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ပြီး အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန်နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Shri Saurabh Kumar တက် ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

Post a Comment

Previous Post Next Post