ရေနံ စျေးနှုန်းသတ်မှတ်ချက်များကိုလက်ခံမှာ မဟုတ်ဘဲ လက်တုံ့ပြန်မယ်လို့ ရုရှားအစိုးရ ပြော

ရုရှားနိုင်ငံအနေနဲ့ ဥရောပသမဂ္ဂနဲ့ ဂျီ
၇ အဖွဲ့ဝင်နိုင်ငံများက ရေနံစျေးနှုန်း
သတ်မှတ်မှုများကို လက်ခံမှာမဟုတ်
ဘဲ တုံ့ပြန်သွားမှာဖြစ်ကြောင်း ထုတ်
ဖော် ပြောဆိုလိုက်ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားရဲ့ဝင်ငွေရမှုတွေကို ကန့်သတ်နိုင်ဖို့ ရုရှားရဲ့ရေနံကို စျေးနှုန်းသတ်မှတ်ဖို့ စီစဉ်နေရာ ဥရောပသမဂ္ဂနဲ့ ဂျီ ၇ အဖွဲ့ဝင်နိုင်ငံတွေက ရုရှားရဲ့ ရေနံကို တစ်စည် အမေရိကန်ဒေါ်လာ ၆ဝ နှုန်းနဲ့ရောင်းချဖို့ သဘောတူညီခဲ့ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်း များ ထွက်ပေါ်ခဲ့ပါတယ်။

ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့် ဒီမီထရီပက်ကောဗ့်က ရုရှားရဲ့ရေနံကို စျေးနှုန်းသတ်မှတ်ဖို့ သဘောတူညီခဲ့တဲ့ ဥရောပသမဂ္ဂနဲ့ ဂျီ ၇ တို့ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး လက်တုံ့ပြန်ဖို့စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း ဆိုပါတယ်။

၄င်းက "ကျွန်တော်တို့နိုင်ငံက ထွက်ရှိတဲ့ ရေနံကို စျေးနှုန်းသတ်မှတ်တဲ့ကိစ္စတွေကို လက်မခံဘူး။ ရေနံစျေးနှုန်းနဲ့ပတ်သက်တဲ့သဘောတူညီချက်တွေကို  ပြန်သုံးသပ်သွားမှာဖြစ်သလို တုံ့ပြန်သွားမှာပါ" လို့ပြောပါတယ်။

ရုရှားနိုင်ငံအနေနဲ့ ဥရောပသမဂ္ဂနဲ့ ဂျီ ၇ တို့ရဲ့ ရေနံစျေးနှုန်းသတ်မှတ်ချက်အတိုင်း အကောင်ထည်ဖော်မယ့်နိုင်ငံတွေကို ရေနံ ပေးပို့သွားမှာမဟုတ်ကြောင်း ရုရှားသံအမတ်ကြီး Mikhail Ulyanov က ပြောပါတယ်။

ရုရှားသံအမတ်ကြီးက "လာမယ့်နှစ်က စတင်ပြီး ဥရောပဟာ ရုရှားနိုင်ငံရဲ့ရေနံတွေကို ရဖို့အလားလာနည်းတယ်" လို့ ပြောပါတယ်။ ဂျီ ၇ အဖွဲ့ဝင်နိုင်ငံများရဲ့ ရေနံစျေးနှုန်းသတ်မှတ်ချက်ဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ နိုင်ငံတွေအပေါ်မှာလည်း သက်ရောက်မှု ဆက်လက်ရှိနေမှာဖြစ်ပြီး အဆိုပါသတ်မှတ်ချက်ကို လိုက်နာဖို့ ပျက်ကွက်တဲ့ ရေနံတင်သင်္ဘောတွေနဲ့ ရုရှားရေနံကို သင်္ဘောနဲ့တင်ပို့ပေးတဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့မှု ချမှတ်တာ၊ အာမခံကြေးမပေးတာမျိုးတွေ လုပ်ဆောင်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ယူကရိန်းနဲ့ ရုရှားတို့ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုဟာ ရုရှားကို ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ခဲ့ပြီး ရုရှားရဲ့စွမ်းအင်လုပ်ငန်းကို ပစ်မှတ်ထားပိတ်ဆို့မှု ထပ်မံချမှတ်ဖို့စီစဉ်ခဲ့ရာ လက်ရှိအချိန်မှာ ရုရှားရေနံကို စျေးနှုန်းသတ်မှတ်ရောင်းချတာတွေ၊ ဝယ်ယူတာမျိုးတွေလုပ်ဆောင်ဖို့ တွန်းအားပေးလျက်ရှိနေတယ်လို့ သိရပါတယ်။

#NPnews

Post a Comment

Previous Post Next Post