AA အပစ်ရပ် ဂယက်

ဘာပဲပြောပြော လတ်တလော AA နဲ့တပ်မတော်အပစ်ရပ်သဘောတူညီချက်ယူလိုက်ခြင်းဟာ NUG အသိုင်းအဝန်းကို အကြီးအကျယ် ဂယက်ရိုက်သွားစေခဲ့တယ်။
AA ကိုနမူနာယူပြီး အခြား EAO များလည်း ဒေသခံပြည်သူလူထု အကျိုးအတွက် အပစ်ရပ် သင့်ကြပြီလို့ NUG၊ PDF နဲ့မပူးပေါင်းတဲ့ EAO ခေါင်းဆောင်တစ်ချို့ကပြောကြားလာကြတဲ့အတွက် အယူအဆအမျိုးမျိုးကွဲပြားနေတဲ့ KNU အကြားမှာပိုလှုပ်ခတ်သွားပါတယ်။
မကြာသေးမီကပြုလုပ်တဲ့ကရင် လက်နက် ကိုင်အဖွဲ့ပေါင်းစုံနဲ့ဒေသခံလူထုတွေ့ဆုံပွဲမှာလည်း ဒေသခံတွေက သူတို့အနေနဲ့ တိုက်ပွဲတွေ ဖြစ်တာမလိုလားဘဲ အေးအေးချမ်းချမ်းသာနေလိုကြောင်းဆွေးနွေးခဲ့တဲ့အတွက် အခု AA အပစ်ရပ်ဂယက်ဟာ KNU ကိုပိုရိုက်ခတ်လာပါတယ်။
လက်နက်ကိုင်တော်လှန်ရေးအစဉ်အလာအကြီးမားဆုံး EAO ဖြစ်တဲ့ KNU အဖွဲ့ကြီးဟာအခုအချိန်မှာ လက်အောက်ခံတပ်မဟာများကိုလည်းတစ်သွေးတစ်သံတစ်မိန့် အုပ်ချုပ်လို့မရ၊KNU ကနေ အကြောင်းအမျိုးမျိုးပြခွဲထွက်သွားကြတဲ့ လက်နက်ကိုင်အဖွဲ့တွေကိုလည်း တစ်ညီတစ်ညွတ်တည်းဖြစ်အောင်ပြန်တည်ဆောက်လို့မရ၊ ဗဟိုမှာလည်း ဥက္ကဌအာဏာ စက် မထိရောက်၊ လေးနှစ်တစ်ကြိမ်ကျင်းပရမယ့် ညီလာခံလည်း ခြောက်နှစ်ကြာသည်အထိမကျင်းပနိုင်နဲ့ ဖရိုဖရဲပရမ်းပတာ အဖြစ်ဆုံးအချိန်ဖြစ်နေတဲ့အတွက်ဒေသခံ ပြည်သူလူထုအကြီး အကျယ်ဒုက္ခရောက်နေကြရပါတယ်။
ဒီလိုမျိုး EAO တိုက်ကွက်တွေအပေါ်အမြတ်ထုတ်ဝါဒဖြန့်နေတဲ့ NUG အတွက် အနမ့်ပါစခန်းလေကြောင်းဗုံးကြဲခံရပြီးနောက် KIA ငြိမ်သက်သလောက်ဖြစ်သွားခြင်း၊ AA ကအပစ်ရပ်သဘောတူသွားခြင်းကြောင့် အဲဒီ AA အပစ်ရပ် ဂယက်ကပါ KNU ဆီကူးစက်လာပြီး အပစ်ရပ်သဘောတူသွားမှာ အစိုးရိမ်ဆုံးက NUG ဖြစ်နေတာမို့ AA နဲ့ တပ်မတော်အပစ်အခတ်ရပ်စဲခြင်းဟာ NUG အတွက်တော့ အကြီးမားဆုံး အိပ်မက်ဆိုးကြီးဖြစ်လာပါတော့တယ်။

#HlaShwe

Post a Comment

Previous Post Next Post