နိဂုံးရဲ့နိဂုံး

အမေရိကန် နိဂုံးရဲ့ နိဒါန်းစပြီလို့ဆယ်စု မကမှာ စရေးခဲ့တယ်မနှစ်က အမေရိကန် နိဂုံးရဲ့ နိဂုံးပိုင်းကိုရောက်လာခဲ့ပြီလို့ထပ်ရေးခဲ့တယ်၊မယုံနိုင်လောက်အောင် အမေရိကန်တွေအကျမြန်ခဲ့ပါတယ်၊National interest ဆိုတဲ့ နိုင်ငံ့အကျိုးစီးပွားထက်ပါတီအကျိုးစီးပွား၊ ပုဂ္ဂလဓိဋ္ဌာန်တွေများပြီး Conflict of interest ဆိုတဲ့"အကျိုးစီးပွား ပဋိပက္ခတ်"တွေကြောင့်ပါ၊

Aljazeera ကလာမဲ့ အနာဂါတ် ကမ္ဘာ့အခင်းအကျင်းသစ်ဟာအမေရိကန်ကဏ္ဏ မှေးမှိန်နည်းပါးတဲ့အခင်းအကျင်းသစ် ဖြစ်ပြီလား ? လို့ရေးလာပါပြီ၊

စင်္ကာပူ School of Lee Kwan Yew နဲ့ US တက္ကသိုလ်တခုက ပူးပေါင်းလုပ်တဲ့သုတေသန စစ်တမ်းမှာ အမေရိကန်ကိုတရုတ်တွေ ကျော်သွားပြီလို့ ရေးထားကြတယ်၊ IMF , WB တွေကတော့အမေရိကန် ဩဇာအလွှမ်းခံမို့ ကိန်းဂဏန်းတွေနဲ့လှည့်စားလို့ကောင်းတုန်း။

Big Cycle  theory နဲ့Changing world order သီအိုရီတွေအရဆိုရင်အမေရိကန်နဲ့ တရုတ်တို့ဟာမကြာခင် Clash point ကို ဖြတ်သန်းကြရမှာဖြစ်ပါတယ်၊သမိုင်းကြောင်းမှတ်တမ်းတွေအရတော့Clash point မှာ စစ်နဲ့ဖြတ်သန်းလေ့ရှိကြတယ်၊

အနုမြူခေတ်မှာ အဖျက်စွမ်းအား အလွန်ကြီးတော့လောလောဆယ် ယူကရိမ်းလိုပဲစစ်နယ်မြေသတ်မှတ်ပြီး ထိတ်တိုက်တွေ့ကြမလား ? စီးပွားရေးစစ်နဲ့ တွေ့ကြမလား ❓

ဘက်စုံစီးပွားစစ် Comprehensive Economic Warနဲ့ ထိတ်တိုက်တွေ့ကြဖို့က 85% လောက်ရှိပြီးစစ်နဲ့ ထိတ်တိုက်တွေ့ဖို့ကတော့ 15% လောက်ပဲရှိတယ်လို့ ခန့်မှန်းမိပါတယ်၊

2023 ဟာ ကမ္ဘာကြီးကိုအလှုပ်ရမ်းနိုင်ဆုံး ကာလတခုအဖြစ်ချန်ထားလိမ့်မယ်လို့မြင်တယ်၊
#ယူကရိမ်းစစ် က အမေရိကန်ရွေးကောက်ပွဲနဲ့Biden တို့ ဒီမိုကရက်အုပ်စုကိုအသေသတ်လိမ့်မယ်၊Republican တွေတက်လာရင်တရုတ်အတွက် အိပ်မက်ဆိုးတွေတန်းစီမက်ဖို့ရှိနေတယ်၊အဲ့ဒီအတွက် ကြိုပြင်တဲ့အနေနဲ့တရုတ်အဓိကလိုအပ်ချက် အသက်သွေးကြောဖြစ်တဲ့ ရေနံအတွက် Xi ကိုယ်တိုင် ဆော်ဒီကိုသွားနေတာ၊

တရုတ်ဖက်ကလဲဒီမိုတွေ အာဏာပြန်ရအောင် လုပ်မှာပဲ၊ဒီမိုတွေ အာဏာပြန်ရရင် ရုရှားစစ်ထောင်းမယ်အခုထက် ပိုကြီးတဲ့စစ်ကို မျှော်လင့်ထားရမယ်၊DS ကို ဒီမိုတွေကိုင်ထားတာတရုတ်က အဲ့ဒီအခွင့်အလန်းပိုနေတယ်ရွေးကောက်ပွဲမှာ ကူလီကူမာ ကျကြဦးမှာပဲ၊

#မြန်မာ့ရွေးကောက်ပွဲမှာဘယ်ပါတီဝင်လာရင် ဘာဖြစ်မလဲ ဆိုတာခန့်မှန်းတွက်ကြည့်လို့ ရနိုင်ကြလိမ့်မယ်လို့ယူဆတဲ့အတွက် အတိအကျ မရေးချင်တော့ပါ၊ဖြစ်လာမဲ့ အစိုးရသစ်အနေနဲ့အင်မတန်ဉာဏ်ကြီးဖို့တော့လိုလိမ့်မယ်၊

Nay Zin Latt  ( 10.12.22 ) 🪴

Post a Comment

Previous Post Next Post