ကယ်ဆယ်ရေးဆောင်ရွက်ပေး


မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏
ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင်
အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော
PTTEP International Limited မှ အထောက်
အကူပြုရေယာဉ်များဖြစ်သည့် HAI DUONG 29
နှင့် HAI DUONG 38 ရေယာဉ်တို့သည် ဇောတိက
စီမံကိန်း ကမ်းလွန်လုပ်ကွက်၌ လုပ်ငန်းများ
ဆောင်ရွက်ရန် မြန်မာနိုင်ငံရေပြင်အတွင်းဖြတ်သန်း
လာစဉ် ဒီဇင်ဘာ ၇ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်
တွင် မြိတ်မြို့၏အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်
အကွာသို့အရောက်၌ ဘင်္ဂါလီလူမျိုးမျာတင်ဆောင်
လာသည့် လှေ ၁ စီးသည် ရေဝင်၍ နစ်မြုပ်လုနီးပါး
ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် ကယ်ဆယ်ထား
ကြောင်း တပ်မတော်(ရေ)မှ လုံခြုံရေးစစ်ရေယာဉ်
များသို့ သတင်းပေးပို့လာခဲ့သည်။

သတင်းရလျင်ရချင်း တပ်မတော်(ရေ)မှ လူသား
ချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ
ဆောင်ရွက်နိုင်ရန်အတွက် စစ်ရေယာဉ်(အနော်ရ
ထာ)အား စေလွှတ်ခေါ်ဆောင်စေခဲ့ရာ ည ၁၀ နာရီ
ခန့်တွင် မြိတ်မြို့၏အနောက်တောင်ဘက် ၁၅၅ မိုင်
ခန့်အကွာ၌ HAI DUONG 38 ရေယာဉ်နှင့်တွေ့ဆုံခဲ့
ပြီး ဘင်္ဂါလီလူမျိုး လူကြီး ကျား ၈၃ ဦး၊ မ ၄၀ ဦး၊
ကလေး ကျား ၂၃ ဦး၊ မ ၈ ဦး၊ စုစုပေါင်း ၁၅၄ ဦး
တို့အား စစ်ရေယာဉ်ပေါ်သို့ လွှဲပြောင်းတင်ဆောင်၍
လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ
ဆောင်ရွက်ပြီး အစားအသောက်များ ထောက်ပံ့
ကျွေးမွေး ခေါ်ဆောင်လာခဲ့သည်။
-
အထက်ပါ ဘင်္ဂါလီလူမျိုးများအား မြိတ်မြို့
အနောက်မြောက်ဘက် ၈.၅ မိုင်ခန့်အကွာတွင်
ကျောက်ချရပ်နား၍ မြိတ်မြို့နယ်၊ လူဝင်မှုကြီး
ကြပ်ရေးဦးစီးဌာနပါဝင်သော အဖွဲ့စုံဖြင့် ရေယာဉ်
ပေါ်၌စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွား
မည်ဖြစ်ပါသည်။
-
အဆိုပါဘင်္ဂါလီလူမျိုးများသည် ဘင်္ဂါလီစကား
တစ်မျိုးတည်းသာ ပြောဆိုတတ်ပြီး ကနဦးမေး
မြန်းချက်အရ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊
ကော့ဘဇားခရိုင်၊ ဒေါ့ကာစီဒုက္ခသည်စခန်းများမှ
ဖြစ်ကြောင်း၊ ဒုက္ခသည်စခန်းအတွင်း လူဦးရေ
များပြားခြင်း၊ လုံခြုံမှုမရှိခြင်းနှင့်စားနပ်ရိက္ခာမ
လုံလောက်ခြင်းတို့ကြောင့် အင်ဒိုနီးရှားနိုင်ငံသို့
သွားရောက်ရန်အတွက် လိုက်ပါလိုသူမိသားစုများ
ထံမှတာကာငွေ ၁၀ သိန်း ကောက်ခံပြီး စက်လှေ
၁ စီး ဝယ်ယူခဲ့ကြောင်း၊ နိုဝင်ဘာ ၂၇  ရက်တွင်
အဆိုပါစက်လှေဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ စတင်
ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့တွင် ကုလ
သမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
(United Nations High Commissioner for
Refugees – UNHCR)မှ ထုတ်ပေးထားသည့်
ဒုက္ခသည်ကတ်များ ကိုင်ဆောင်ထားရှိကြောင်း၊
ဒီဇင်ဘာ ၇  ရက်တွင် လှေအတွင်းသို့ ရေများဝင်
ရောက်၍ နစ်မြုပ်နေစဉ် HAI DUONG 38
ရေယာဉ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းနှင့် လှေ
ပေါ်ပါသူအားလုံး အသက်ရှင်လျက်ရှိကြောင်း
သိရှိရသည်။
-
ဘင်္ဂါလီလူမျိုးများအား မြိတ်မြို့နယ်၊ လူဝင်မှုကြီး
ကြပ်ရေးဦးစီးဌာနပါဝင် သောအဖွဲ့စုံဖြင့် စစ်ဆေး
မေးမြန်းမှုများ ဆောင်ရွက်ပြီးပါက စစ်တွေမြို့သို့
ဆက်လက် ပို့ဆောင်၍ သက်ဆိုင်ရာနိုင်ငံသို့ ပြန်
လည်လွှဲပြောင်းနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်း
များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်
ပါသည်။
#ရေတပ်
#navy
#ဘင်္ဂလားဒေ့ရှ်
#ဘင်္ဂါလီ
#ရေတပ်
#banglaseah
#KT
https://m.facebook.com/story.php?story_fbid=pfbid02zJYYZ8Eq8tJKoTWuKSRuPoGAXSCpQaKiEZducmApdguc71SuvFFU5hRksyBJH1csl&id=100073026794505&mibextid=Nif5oz

Post a Comment

Previous Post Next Post