ဆက်ကြေးလေးတွေနဲ့ ငြိမ့်လို့ပေါ့

TNLA ရဲ့ အောက်ခြေအဆင့်တပ်သားတွေကိုခွဲခြားဆက်ဆံမှုတွေကြောင့် သူတို့ရဲ့တပ်စခန်းနေရာတွေ အတိအကျသတင်းပေးမှုတွေ ဆက်တိုက်ပြုလုပ်လာကြတာကို ကြည့်ရင် မကြာခင်မှာ ‌တပ်ကနေ ချေမှုန်းလို့ အောက်ခြေစစ်သားတွေဘဲ သေဆုံးကုန်မှာကို TNLA တာဝန်ရှိသူတွေ မသိကျိုးကျွံပြုနေသလား မသိပါ။ PDF တွေကိုလည်း စစ်ပညာနဲ့လက်နက် ပေးမယ် အကြောင်းပြကာ ရှေ့ကနေ အသေခံပြီး ဖမ်းခံရအောင် တွန်းပို့နေတာကလည်း PDF , TNLA အောက်ခြေစစ်သား နဲ့ TNLA အကြီးပိုင်းတွေကို ခွဲခြားထားမှုပါ။ ခုဆိုရင် သတင်းပေးမှုကြောင့် ကုန်းသာနဲ့ နမ့်ဆန် တိုက်ပွဲတွေမှာ အတုန်းအရုန်း သေတဲ့သူတွေဟာ ဓားစာခံ (Proxy ) တွေဖြစ်တဲ့ PDF တွေပါ။ ဒါကြောင့် TNLA ဟာ လာမယ့် ရှေ့လျှောက်တိုက်ပွဲတွေမှာ အောက်ခြေအဆင့်တပ်သားတွေနဲ့ ဘူမသိကိုးမသိ လက်နက်နဲ့ စစ်ပညာလာယူတဲ့ PDF လူငယ်တွေကို ချကျွေးတော့မှာဖြစ်ကြောင်း အတွင်း သတင်းများ အရ သိရတယ်။ တပ်မဟာမှူး ဆိုသူတွေကတော့ ဆက်ကြေးလေးတွေနဲ့ ငြိမ့်လို့ပေါ့။
#DGF21NewsTNLAa99

Post a Comment

Previous Post Next Post