PDF လေးထောင်ကျော်ကို စစ်သင်တန်းပေးခဲ့တယ်လို့ ဂွမ်မော်ဝန်ခံ


KIA အနေနဲ့ လက်ရှိအချိန်ထိ PDF လေးထောင်ကျော်ကို တိုက်ရိုက်သင်တန်းပေးခဲ့ကြောင်း အင်တာဗျူးတစ်ခုမှာ ဂွမ်မော်က ထုတ်ဖော်ပြောဆိုလာပါတယ်။

KIA  ရဲ့ စစ်သင်တန်းကနေ ဆင်းလာတဲ့ PDF အများစုဟာ စစ်ကိုင်းတိုင်းကို အခြေပြုလှုပ်ရှားကာ  ကျေးရွာများအတွင်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများမှာ အဓိကနေထိုင်ကြပြီး လူသတ်၊ ဆက်ကြေးကောက်ခြင်း၊ အများပြည်သူ ခရီးသွားလမ်းများပေါ်တွင် မိုင်းထောင်ခြင်းအပါအဝင် ကျေးရွာများကို မီးရှို့ဖျက်ခြင်း စတဲ့ အကြမ်းဖက်ဆောင်ရွက်ချက် တော်တော်များများကို ဆောင်ရွက်ခဲ့ကြပါတယ်။

KIA ဟာ လက်ရှိအချိန်ထိ NCA မှာ လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးသလို နစက အကြီးအကဲ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း သက်ဆိုင်သူတွေ အကုန်မပါလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ တက်ရောက်ဖို့ ငြင်းဆန်ထားပါတယ်။

#fossilnews

Post a Comment

Previous Post Next Post